🇯🇵 Japanese Knowledge Sharing
ဂျပန်လူမျိုးတွေ ဘာကြောင့် 「ちょっと…」 ကို မကြာခဏ သုံးကြတာလဲ?
ဂျပန်စာလေ့လာသူအများစုက 「ちょっと」 ကို "နည်းနည်း" လို့ပဲ သိထားကြပါတယ်။
ဒါပေမယ့် တကယ့်နေ့စဉ်စကားပြောမှာတော့ ဂျပန်လူမျိုးတွေက ငြင်းဆိုချင်တဲ့အခါ ယဉ်ကျေးစွာပြောဖို့ 「ちょっと…」 ကို မကြာခဏ အသုံးပြုကြပါတယ်။
ဥပမာ
👤 一緒に行きませんか。
"အတူတူ သွားမလား?"
👤 今日はちょっと…
"ဒီနေ့ကတော့ နည်းနည်း..."
ဒီစကားကို တိုက်ရိုက်ဘာသာပြန်ရင် "ဒီနေ့က နည်းနည်း..." လို့ အဓိပ္ပာယ်ရပေမယ့်၊ တကယ့်ရည်ရွယ်ချက်ကတော့—
✔️ "ဒီနေ့တော့ မအားလို့ပါ။"
✔️ "နောက်တစ်ခါမှပဲ။"
✔️ "ဒီနေ့တော့ အဆင်မပြေဘူး။"
ဆိုတဲ့ ယဉ်ကျေးတဲ့ ငြင်းဆိုမှု ကို ဖော်ပြတာပါ။
ဂျပန်ယဉ်ကျေးမှုမှာ 「いいえ」 (No) လို့ တိုက်ရိုက်ပြောတာထက်၊ တစ်ဖက်လူ စိတ်မထိခိုက်စေဖို့နဲ့ ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုဖို့ 「ちょっと…」 ကို အသုံးပြုလေ့ရှိပါတယ်။
🌸 မှတ်ထားသင့်တာက…
တစ်ယောက်ယောက်က「ちょっと…」လို့ ပြန်ဖြေရင်၊ အများအားဖြင့် "မဖြစ်နိုင်ဘူး"သို့မဟုတ် "မရဘူး" လို့ ယဉ်ကျေးစွာ ငြင်းဆိုနေတာဖြစ်ပါတယ်။
💬 နောက်ရက်မှာ တင်ပေးစေချင်တဲ့အကြောင်းအရာရှိရင် comment မှာမေးခဲ့လို့ရပါတယ်နော်👇

53
1
1July 19, 2026 7.5K 2 5