ဆိပ်ဖြူမြို့နယ်၊ ရွှေဘိုကျွန်းကျေးရွာအနီးတွင် ကပစ ၂၂ မှ တက်လာသော စက်တပ်လေထီး-ပါရာမော်တာ ၁ စီး ပျက်ကျပြီး စစ်သား ၁ ဦး သေဆုံး
စက်တင်ဘာလ ၈ ရက်
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ရွှေဘိုကျွန်းကျေးရွာအနီးတွင် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၂) တပ် မှ တက်လာသော ပါရာမော်တာ ၁ စီး ပျက်ကျခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသ တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ယမန်နေ့ စက်တင်ဘာလ ၇ ရက်နေ့ ကပစ ၂၂ မှ ပျံတက်လာသည့် စက်တပ်လေထီး- ပါရာမော်တာ ၁ စီးသည် ဆိပ်ဖြူမြို့နယ် ရွှေဘိုကျွန်းကျေးရွာ ရှားတောနဲ့ မုန်တိုင်းချောင်းအနီးတွင် စက်ချို့ယွင်းမှုကြောင့် ပျက်ကျခဲ့ခြင်းဖြစ်ပြီး ပါရာမော်တာ မောင်းနှင်သူ စစ်သား ၁ ဦး သေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိ ရသည်။
"ကပစ (၂၂) ကနေ တက်လာတဲ့ ပါရာမော်တာ တစ်စီးလို့ သိရတယ်။ ပျက်ကျတာက ဆိပ်ဖြူမြို့နယ် ရွှေဘိုကျွန်းကျေးရွာ ရှားတောနဲ့ မုန်တိုင်းချောင်းအနီးမှာပျက်ကျတာပါ။ အဲဒီပါရာမော်တာက လေ ကြောင်းကနေ တိုက်ခိုက်ပြီးအပြန်မှာ စက်ချို့ယွင်းပြီး ပျက်ကျတာလို့ သိရပါတယ်။ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့သိရတယ်" ဟု ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
အလားတူ ၂၀၂၅ခုနှစ် ဧပြီလ ၂၃ ရက်နေ့ ပခုက္ကူမြို့နယ် တပ်မ၁၀၁ မှ တက်လာသော အကြမ်းဖက် စစ်တပ် ၏ စက်တပ် လေထီး ၃ စီးကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ ၁ စီးမှာ ကျည်ထိမှန်ပြီး စက်ချို့ယွင်းကာ ပျက်ကျခဲ့ဖူးသည်။
ထို့အတူ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင်လည်း မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နှင့် ပေါက်မြို့နယ်အစပ်တွင် ပြည်သူကို ဗုံးကြဲသတ်နေသည့် စစ်အုပ်စု၏စက်တပ်လေထီးတစ်စင်းကိုလည်း တော်လှန်ရေးတပ်ဖွဲ့ ပစ်ချခဲ့ဖူးသည်။
ဓာတ်ပုံ- ပုံအဟောင်းဖြစ်ပါသည်။
#KTM
#HlaingInfo

31
6
2September 8, 2026 1.4K 1 3