မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ပိုမိုဆိုးရွားလာ၍… — Hlaing Info — TG.ME

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ပိုမိုဆိုးရွားလာ၍ ICC-နိုင်ငံတကာရာဇဝတ်တရားရုံး သို့ လွှဲပြောင်းရန် ကုလသမဂ္ဂလူ့အခွင့် အရေးမဟာမင်းကြီး တောင်းဆို၊ မြန်မာပြည်သူများအပေါ် ကျူးလွန်သူများကို တာဝန်ခံစေရမည်ဟု ဗြိတိန်အစိုးရ ကိုယ်စားလှယ်က သတိပေး

စက်တင်ဘာလ ၇ ရက်

ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီး Volker Türk က မြန်မာနိုင်ငံတွင် ဆိုးရွားလာနေသော လူ့အခွင့်အရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာ့အခြေအနေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) သို့ လွှဲပြောင်းတင်ပြရန် စက်တင်ဘာလ ၇ ရက်နေ့တွင် တိုက်တွန်းလိုက်သည်။

စက်တင်ဘာလ ၇ ရက်နေ့ ဂျီနီဗာမြို့တွင် ကျင်းပနေသော ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ၆၃ ကြိမ်မြောက်အစည်းအဝေးတွင် Volker Türk က နှစ်ပေါင်းများစွာ နိုင်ငံတကာအသိုင်းအဝိုင်း၏ ကြိုးပမ်းမှုများရှိခဲ့သော်လည်း မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအကျပ်အတည်းမှာ ပြေလည်ခြင်းမရှိဘဲ ပိုမိုဆိုးရွားလာနေကြောင်း သတိပေးပြောဆိုသည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို ချိုးဖောက်ရာတွင် အထောက်အကူဖြစ်စေနိုင်သည့် အန္တရာယ်ရှင်းလင်းစွာရှိနေပါက လက်နက်များ၊ ခဲယမ်းမီးကျောက်များ၊ ဂျက်လေယာဉ်ဆီနှင့် စစ်ဘက်၊ အရပ်ဘက် နှစ်မျိုးလုံးတွင် အသုံးပြုနိုင်သော Dual-use ပစ္စည်းများကို မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးပို့ခြင်း ရပ်တန့်ရန်လည်း ၎င်းက နိုင်ငံများကို တိုက်တွန်းခဲ့သည်။

အစီရင်ခံကာလအတွင်း ယုံကြည်စိတ်ချရသော သတင်းအရင်းအမြစ်များက အရပ်သား ၁,၂၀၀ ကျော် သေဆုံးခဲ့သည်ကို အတည်ပြုနိုင်ခဲ့ပြီး အများပြည်သူရရှိနိုင်သော သတင်းအချက်အလက်များအရ အမှန်တကယ် သေဆုံးသူအရေအတွက်မှာ ၃,၀၀၀ ကျော်အထိ ရှိနိုင်ကြောင်း Volker Türk က ပြောသည်။ အရပ်သားသေဆုံးမှုများအတွက် လေကြောင်းတိုက်ခိုက်မှုများမှာ အဓိကအကြောင်းရင်းအဖြစ် ဆက်လက်ရှိနေကြောင်းလည်း ၎င်းက ထောက်ပြသည်။

ထို့အပြင် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများ၏ အခြေအနေမှာလည်း “ကပ်ဘေးဆန်ဆန် ဆိုးရွားနေသည်” ဟု ၎င်းက ဖော်ပြခဲ့သည်။ ရိုဟင်ဂျာများအပေါ် မတရားဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာနှင့် ကျား၊မအခြေပြု အကြမ်းဖက်မှုများ၊ အတင်းအကျပ် ပျောက်ဆုံးစေခြင်း၊ အဓမ္မလုပ်အားပေးစေခိုင်းခြင်းနှင့် အတင်းအကျပ် စစ်သားစုဆောင်းခြင်းတို့အပါအဝင် ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပွားနေကြောင်း ပြောဆိုသည်။

ယင်းချိုးဖောက်မှုများတွင် မြန်မာစစ်တပ်သာမက ရက္ခိုင့်တပ်တော် (AA) ကလည်း ပါဝင်နေသည်ဟု Volker Türk က ထောက်ပြပြောဆိုသည်။

မြန်မာစစ်တပ်သည် နိုင်ငံတကာဥပဒေအောက်ရှိ ၎င်းတို့၏ တာဝန်ဝတ္တရားများကို လိုက်နာနေကြောင်း ခိုင်လုံသောအထောက်အထားမရှိဘဲ စစ်တပ်နှင့် ဆက်ဆံရေးကို ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိစေရန် ကြိုးပမ်းမှုများ မပြုလုပ်သင့်ကြောင်းလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီးက သတိပေးခဲ့သည်။

“အခြေအနေကို ချိန်ညှိထားသော ဆက်ဆံရေး (calibrated engagement) လို့ခေါ်ရုံနဲ့ မလုံလောက်ပါဘူး။ လူ့အခွင့်အရေးအခြေခံတဲ့ ဆက်ဆံရေးကို လိုအပ်ပါတယ်” ဟု Volker Türk က ပြောဆိုသည်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
👍40❤10😁4🔥2🥰2
September 8, 2026 1.8K 2 4