နမ့်ဆန်မှာ အမျိုးသားတစ်ဦး ဘုန်းကြီးကျောင်း အဆောက်အဦးတစ်ခုပေါ်ကနေ… — Hlaing Info — TG.ME

နမ့်ဆန်မှာ အမျိုးသားတစ်ဦး ဘုန်းကြီးကျောင်း အဆောက်အဦးတစ်ခုပေါ်ကနေ ခုန်ချလို့ သေဆုံး

စက်တင်ဘာ ၇ ရက်

‎တအာင်းဒေသ နမ့်ဆန်မြို့ပေါ်ရှိ မြိုမဂိုဏ်းချုပ်ကျောင်းက အဆောက်အဦးတစ်ခုပေါ်ကနေ ခုန်ချခဲ့တဲ့အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း ၎င်းအနီးနေထိုင်တဲ့ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

‎ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက် ည ၉ နာရီခွဲမှာ မြို့မဂိုဏ်းချုပ်ကျောင်းအနောက်ဘက်က အဆောက်အဦးတစ်ခုကနေ ခုန်ချခဲ့တဲ့ အမျိုးသားတစ်ဦး သတိလစ်သွားတာဖြစ်ပါတယ်။

‎ဘုန်းကြီးကျောင်းအနီးနေထိုင်တဲ့ အမျိုးသမီးက "သေတော့သေသွားပြီ။ မနေ့ညကတည်းကသေတာလား။ ဒီမနက်သေတာလားတော့မသိရဘူး။ အဲလူလည်း မျက်နှာစိမ်းကြီး။ ဘယ်လိုလုပ်ပြီး အဲမှာ အဲလိုလုပ်တာလဲမသိဘူး" လို့ ပြောပါတယ်။

‎၎င်းသေဆုံးသူဟာ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားဖြစ်ပြီး နေရပ်လိပ်စာကိုတော့ မသိရသေးကြောင်း အထက်ပါအမျိုးသမီးက ဆိုပါတယ်။

‎ဖြစ်စဉ်ကို အသေးစိတ်သိရှိနိုင်ဖို့ သက်ဆိုင်ရာဌာနတွေက သွားရောက်စုံစမ်း စစ်ဆေးနေကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

‎အလားတူဖြစ်စဉ်မျိုး မနေ့ည ၁၀ နာရီ ဝန်းကျင်ကလည်း  ရှမ်းအရှေ့ မိုင်းလားမြို့ရှိ KTV အဆောက်အဦးတစ်ခုပေါ် မှ ဆေးကြောင်နေတဲ့ အမျိုးသမီးတစ်ဦး ခုန်ချသေဆုံးခဲ့ပါတယ်။

#SPM
#HlaingInfo
🔥25😱11👍6❤2😁1
September 7, 2026 2.4K 2