မြိုင်မြို့နယ် ပကဖ စစ်ဘက်ရေးရာ ဒုတာဝန်ခံ ရဲဘော်နဂွင်း နုတ်ထွက်လွှာ တင်
စက်တင်ဘာလ ၆ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) စစ်ဘက်ရေးရာ ဒုတာဝန်ခံ ရဲဘော်နဂွင်းသည် ကိုယ်ရေးကိုယ်တာ အခြေအနေများကြောင့် တာဝန်မှ နုတ်ထွက်ခွင့်ပြုရန် မြိုင်မြို့နယ် ပကဖ တာဝန်ခံထံ တင်ပြထားကြောင်း သိရသည်။
"ကျနော် အားလုံးတောင်းပန်ပါတယ် ခင်မျာ။ ဒီနုတ်ထွက်စာကို ဇူလိုင်က ရေးခဲ့တာပါ ဒီစာကိုအထက်လူကြီးမင်းများလည်း တင်ပြပြီးသားဖြစ်ပါတယ်။ အခု စက်တင်ဘာ ၅ရက်မှာ ကျနော့်ရဲ့ကိုယ်ပိုင် Facebook account မှ တင်ခဲ့တာပါ တော်လှန်ရေးကို စိတ်မကုန်နိုင်လို့ ကျနော်မတင်တာပါ (အခုလည်း တော်လှန်ရေးကိုစိတ်မကုန်ပါဘူး) စကားတွေအများကြီးပြောရင် စာတွေအများကြီးရေးရလို့ ဘာမှ မပြော တော့ပါဘူး ခင်မျာ။ အားလုံးကိုလေးစားပါတယ်။" ဟု ရဲဘော် နဂွင်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားထားသည်။
ရဲဘော်နဂွင်းသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် လူထုလှုပ်ရှားမှုမှတစ်ဆင့် လက်နက်ကိုင်တော်လှန်ရေး စစ်သင်တန်း တက်ရောက်ခဲ့သူဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ အဖွဲ့အစည်းမှ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သူဖြစ်သည်။
ယခုအခါ ကိုယ်ရေးကိုယ်တာ အခြေအနေများကြောင့် တာဝန်များကို ဆက်လက် မထမ်းဆောင်နိုင်တော့သဖြင့် မိမိဆန္ဒအလျောက် မြိုင်မြို့နယ် ပကဖ စစ်ဘက်ရေးရာ ဒုတာဝန်ခံရာထူးမှ နုတ်ထွက်ခွင့်ပြုရန် တင်ပြခဲ့ခြင်းဖြစ်သည်။
#MPA
#HlaingInfo

45
6
2
2
1
1September 6, 2026 2K 1 3