စကုမှာ မသန်စွမ်း အမျိုးသမီး တစ်ဦးနဲ့ ကလေး တစ်ဦးကို စစ်တပ် သတ်ဖြတ်
စက်တင်ဘာလ ၅ ရက်
မကွေးတိုင်း မင်းဘူးမြို့နယ် စကုမြို့ မုတ္တောကြီးကျေးရွာက မသန်စွမ်းအမျိုးသမီး တစ်ဦးနဲ့ ကလေးငယ် တစ်ဦးကို အာဏာသိမ်းစစ်တပ်က ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စက်တင်ဘာ ၅ ရက် မနက် ၆ နာရီဝန်းကျင်က စကုမြို့ ပေါင်းကျေးရွာကနေ မုတ္တောကြီးကျေးရွာဘက်ကို အင်အား ၈၀ ပါတဲ့ စစ်ကြောင်းဝင်ရောက်လာခဲ့ပြီး သတ်ဖြတ်ခဲ့တာပါ။
"လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီးတော့ ဝင်လာတာ။ တိုက်ပွဲလည်း မရှိဘဲနဲ့ အကုန် ရမ်းပစ်သွားတာ။ ဒဏ်ရာရသူတွေလည်း ရှိတယ်။" လို့ဒေသခံ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အာဏာသိမ်းစစ်တပ် စစ်ကြောင်းက ပစ်ခတ်သတ်ဖြတ်လို့ အသက် ၂၀ အရွယ် စကားမပြောနိုင်သူ (မသန်စွမ်း) အမျိုးသမီး မဝေဝေဌေးနဲ့ အသက် ၁၃ နှစ်အရွယ် မောင်ဝိုင်းလမင်းအောင်တို့ ကျည်ထိမှန် သေဆုံးခဲ့ပြီး အမျိုးသမီး တစ်ဦး စိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်က ဖမ်းဆီးပြီးမှ ပစ်ခတ်သတ်ဖြတ်တာလား၊ ရမ်းပစ်တဲ့ ကျည်ထိမှန်တာလားဆိုတာကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က ပုသိမ်-မုံရွာလမ်းနဲ့ နီးတဲ့ ပေါင်းရွာမှာ အမ်း-ပဒါန်းလမ်းက ထိုးစစ်ကို ကာနိုင်ဖို့ အထိုင်ချနေတာ ၃ လကျော်ကြာမြင့်နေပြီလို့ သိရပြီး ဘေးနားဝန်းကျင် ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့လည်း မကြာခဏဆိုသလိုပစ်ခတ်လေ့ရှိတယ်လို့ သိရပါတယ်။
#TLT
#HlaingInfo

48
3
1September 5, 2026 1.9K 2