ဗီယက်နမ်သို့ လိုက်ပါသွားသည့် မင်းအောင်လှိုင်၏မိန်းမ ကြူကြူလှ… — Hlaing Info — TG.ME

ဗီယက်နမ်သို့ လိုက်ပါသွားသည့် မင်းအောင်လှိုင်၏မိန်းမ ကြူကြူလှ ဒေါ်လာသောင်းချီတန် တန်ဖိုးကြီး Hermès Birkin လက်ကိုင်အိတ် ကိုင်ဆောင်ပြ၊ ငွေရှိတိုင်း ဝယ်မရဘဲ စောင့်ဆိုင်းစာရင်းပေးဝယ်ယူရသည့် ဇိမ်ခံအိတ်အမျိုးအစားဟုဆို

စက်တင်ဘာ ၅ ရက်

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် စက်တင်ဘာလ ၄ ရက်နေ့မှ စက်တင်ဘာလ ၆ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံသို့ ၃ ရက်ကြာ ခရီးစဉ် သွား ရောက်လျက်ရှိပြီး ၎င်း၏မိန်းမ ကြူကြူလှကိုပါ ခေါ်ဆောင်သွားရာ ခရီးစဉ်ပထမနေ့တွင် ကြူကြူလှက ဒေါ်လာသောင်းချီတန် တန်ဖိုးကြီး ဇိမ်ခံအိတ်အမျိုးအစားဖြစ်သည့် Hermès Birkin လက်ကိုင်အိတ်ကို ကိုင်ဆောင်၍ လေယာဉ်ပေါ်မှ ဆင်းလာသည်ကို တွေ့ရသည်။

သတင်းသမား မရတ်ကျော်သူက မင်းအောင်လှိုင်၏မိန်းမ ကြူကြူလှသည် ဗီယက်နမ်ခရီးစဉ်တွင် ဒေါ်လာသောင်းချီတန် Hermès ၏ တန်ဖိုးကြီး ဇိမ်ခံလက်ကိုင်အိတ်အမျိုးအစားဖြစ်သည့် Toile Quadrille & Swift Birkin 25 ကို ကိုင်ဆောင်လာကြောင်း လူမှုကွန်ရက်မှတစ်ဆင့် စတင်ဖော်ပြခဲ့သည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ရန်ကုန်မြို့မှ တန်ဖိုးကြီးလက်ကိုင်အိတ်နှင့် ဖက်ရှင်ပစ္စည်းများအကြောင်း ကျွမ်းကျင်သူတစ်ဦးကို ဆက်သွယ်မေးမြန်းရာ Hermès Birkin အိတ်များမှာ ငွေရှိတိုင်း ဆိုင်သို့သွားရောက်၍ ချက်ချင်းဝယ် ယူနိုင်သည့် အိတ်အမျိုးအစားမဟုတ်ဘဲ ဝယ်ယူသူ၏ purchasing history နှင့် ဖောက်သည်ဆိုင်ရာ အခြေအနေများအပေါ် မူတည်၍ စောင့်ဆိုင်းစာရင်းပေးကာ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းဝယ်ယူရသည့် တန်ဖိုးကြီး ဇိမ်ခံအိတ်အမျိုးအစားဖြစ်ကြောင်း ရှင်းပြသည်။

“ဒီအိတ်မျိုးက ငွေရှိတိုင်း ဝယ်လို့မရဘူး။ စာရင်းပေးပြီး ကြိုတင်မှာယူစောင့် ဆိုင်းရတယ်။ Hermès ကနေ ပုံမှန်ဝယ်ယူနေတဲ့ ဖောက်သည်တွေ၊ VIP ဖောက် သည်တွေက ပိုပြီး ဝယ်ယူခွင့်ရနိုင်တယ်။ တကယ် လို့ ချက်ချင်းလိုချင်ရင်တော့ Resale Market မှာ မူရင်းဈေးထက် ၂ ဆ၊ ၃ ဆလောက် ပေးပြီး ပြန်ဝယ်ရတာမျိုးရှိတယ်” ဟု အဆိုပါ ဖက်ရှင်ကျွမ်းကျင်သူက ရှင်းပြသည်။

Hermès Birkin 25 လက်ကိုင်အိတ်များအနက် ပုံမှန်သားရေဖြင့် ပြုလုပ်ထားသည့် အမျိုးအစားများမှာ ဆိုင်မှ တိုက်ရိုက်ဝယ်ယူသည့် ဈေးနှုန်း အမေရိကန်ဒေါ်လာ ၁၂,၀၀၀ ဝန်းကျင်မှ စတင်နိုင်ပြီး ပြန်လည်ရောင်းချသည့် Resale Market တွင်မူ ဒေါ်လာ ၃၀,၀၀၀ နှင့်အထက်အထိ ရှိနိုင်ကြောင်း သိရသည်။

ရှားပါးသားရေများဖြင့် ပြုလုပ်ထားသည့် Birkin အမျိုးအစားများမှာ ဆိုင်မှ တိုက်ရိုက်ဝယ်ယူသည့်ဈေးနှုန်း ဒေါ်လာ ၂၅,၀၀၀ ဝန်းကျင်မှ စတင်နိုင်ပြီး Resale Market တွင်မူ အမေရိကန်ဒေါ်လာ ၄၀,၀၀၀ မှ ဒေါ်လာ ၇၀,၀၀၀ ကျော်အထိ ဈေးနှုန်းများ ရှိနိုင်ကြောင်း စျေးကွက်သတင်းအချက်အလက်များတွင် ဖော်ပြထားသည်။

မင်းအောင်လှိုင်၏မိန်းမ ဒေါ်ကြူကြူလှသည် ယခင်ကတည်းက အမေရိကန်ဒေါ်လာ ထောင်သောင်းနှင့်ချီတန်ဖိုးရှိသော ကမ္ဘာကျော်အမှတ်တံဆိပ် လက် ကိုင်အိတ်များနှင့် ပိုက်ဆံအိတ်များကို အများပြည်သူမြင်တွေ့ရသည့် ပွဲအခမ်းအနားများနှင့် ပြည်ပခရီးစဉ်များတွင် မကြာခဏ ကိုင်ဆောင်လာလေ့ရှိသူဖြစ်သည်။

ဒေါ်ကြူကြူလှ ယခင်က ကိုင်ဆောင်ခဲ့သည့် လက်ကိုင်အိတ်များတွင် အမေရိကန်ဒေါ်လာ ၇၇,၅၀၀ တန်ဖိုးရှိသော မိကျောင်းသားရေဖြင့် ပြုလုပ်ထားသည့် အနက်ရောင် Hermès လက်ကိုင်အိတ်၊ ဒေါ်လာ ၃၄,၂၀၀ တန်ဖိုးရှိပြီး အရည် အသွေးမြင့် Togo calfskin leather ဖြင့် ပြုလုပ်ထားသည့် အပြာရောင် Hermès လက်ကိုင်အိတ်များ ပါဝင်သည်။

ထို့ပြင် Louis Vuitton (LV) အမှတ်တံဆိပ်၏ တန်ဖိုးကြီးလက်ကိုင်အိတ်များ၊ LV Vendôme MM လက်ကိုင်အိတ်၊ Yves Saint Laurent (YSL) အမှတ်တံဆိပ်လက်ကိုင်အိတ်နှင့် Prada အမှတ်တံဆိပ်လက်ကိုင်အိတ်များကိုလည်း ပွဲအခမ်းအနားများနှင့် ပြည်ပခရီးစဉ်များတွင် ကိုင်ဆောင်ခဲ့သည်ကို ဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းများတွင် တွေ့ရှိရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် စီးပွားရေးကျဆင်းမှု၊ ကုန်ဈေး နှုန်းမြင့်တက်မှုနှင့် ငွေ ကြေးတန်ဖိုးကျဆင်းမှုများကြောင့် ပြည်သူအများအပြားမှာ အခြေခံစားသောက်ကုန်နှင့် နေထိုင်စရိတ်များ မြင့်တက်လာမှုကို ရင်ဆိုင်နေရ ချိန်တွင် စစ်ခေါင်းဆောင်၏မိန်းမဖြစ်သူ ကြူကြူလှကမူ အမေရိကန်ဒေါ်လာ ထောင်သောင်းနှင့်ချီတန်ဖိုးရှိသော ကမ္ဘာကျော်ဇိမ်ခံအမှတ်တံဆိပ် လက် ကိုင်အိတ်များကို ပြည်တွင်းနှင့် ပြည်ပအခမ်းအနားနှင့် ခရီးစဉ်များတွင် ကိုင်ဆောင်ပြသနေခြင်းဖြစ်သည်။

#KTM
#HlaingInfo
👎41❤16🤬9🔥6👏1
September 5, 2026 2.4K 9