မြန်မာစစ်တပ်ကို ပစ်မှတ်ထားသော ဒရုန်းတိုက်ခိုက်မှုတွင် အမေရိကန်နှင့် ယူကရိန်းနိုင်ငံသားများ ဆက်နွှယ်နေဟု အိန္ဒိယထောက်လှမ်းရေးအေဂျင်စီ -NIA က ထုတ်ဖော်ပြောဆို
စက်တင်ဘာလ ၄ ရက်
အိန္ဒိယနိုင်ငံ အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က ဖမ်းဆီးထားသော အမေရိကန်နိုင်ငံသား ၁ ဦးနှင့် ယူကရိန်းနိုင်ငံသား ၆ ဦးသည် မြန်မာနိုင်ငံအတွင်း စစ်ကောင်စီကို ပစ်မှတ်ထားသည့် ဒရုန်းတိုက်ခိုက်မှုတစ်ခုနှင့် ဆက်နွှယ်နေကြောင်း နယူးဒေလီတရားရုံးသို့ တင်ပြခဲ့သည်ဟု Indian Express သတင်းက ဖော်ပြသည်။
အမေရိကန်နှင့်ယူကရိန်းနိုင်င့သားများက မြန်မာနိုင်ငံအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) အတွက် ဒရုန်းစစ်ဆင်ရေး၊ ဒရုန်းအသုံးပြုမှု၊ ဒရုန်းတပ်ဆင်ထုတ်လုပ်မှုနှင့် ဒရုန်း Jammer နည်းပညာများကို သင်တန်းပေးခဲ့ကြောင်း စုံစမ်းတွေ့ရှိထားသည်ဟုဆိုသည်။
NIA ၏ သြဂုတ်လ ၁၉ ရက်စွဲဖြင့် တရားရုံးသို့ တင်သွင်းသော လျှောက်လွှာတွင် “မြန်မာနိုင်ငံရှိ အရပ်ဘက်လေယာဉ်တစ်စင်းကို ဒရုန်းဖြင့် တိုက်ခိုက်မှုတွင် ယူကရိန်းနှင့် အမေရိကန်နိုင်ငံသားအချို့ ပါဝင်ပတ်သက်နေကြောင်း ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များကို အိန္ဒိယဗဟိုအစိုးရက ရရှိထားသည်” ဟု ဖော်ပြထားကြောင်း Indian Express က ရေးသားသည်။
NIA ၏ ပြောဆိုချက်အရ ယူကရိန်းနိုင်ငံသား ၁၄ ဦးသည် အချိန်ကာလအသီးသီးတွင် အိန္ဒိယနိုင်ငံသို့ Tourist Visa ဖြင့် ဝင်ရောက်ခဲ့ပြီးနောက် ဂူဝါဟာတီမြို့သို့ လေကြောင်းခရီးဖြင့် သွားရောက်ခဲ့ကြောင်း သိရသည်။
ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️

26
21
8
5
1September 4, 2026 2.7K 2 7