အကြမ်းဖက် မင်းအောင်လှိုင် ကို တရားဝင်ခရီးစဉ်ဖိတ်ကြားတဲ့ ဗီယက်နမ်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို Justice For Myanmar ရှုတ်ချ
စက်တင်ဘာလ ၃ ရက်
အကြမ်းဖက် မင်းအောင်လှိုင် ကို တရားဝင်ခရီးစဉ်ဖိတ်ကြားတဲ့ ဗီယက်နမ်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို Justice For Myanmar ရှုတ်ချလိုက်တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “တရားမဝင်စစ်အုပ်စုကို မှားယွင်းတဲ့ တရားဝင်မှုပေးအပ်ဖို့ ဗီယက်နမ်နိုင်ငံရဲ့ ဆုံးဖြတ်ချက်နဲ့ စီးပွားရေးပတ်သက်မှုတွေကတဆင့် စစ်အုပ်စုနဲ့ ကြံရာပါပတ်သက်နေမှုကို ပိုမိုနက်နက်ရှိုင်းလာအောင် လုပ်ဆောင်နေမှုတွေအပေါ် Justice For Myanmar က ရှုတ်ချပါတယ်”လို့ ပြောပါတယ်။
Mytel မှတစ်ဆင့် ဗီယက်နမ်က ပေးအပ်နေတဲ့ ဝင်ငွေတွေ၊ နည်းပညာနဲ့ စောင့်ကြည့်ထောက်လှမ်း ရေးဆိုင်ရာ အထောက်အပံ့တွေက အကြမ်းဖက် စစ်တပ် လက်ရှိကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကူညီပေးနေတာ ဖြစ်တယ်လို့ Justice For Myanmar က ထောက်ပြထားပါတယ်။
“အရပ်သားတွေကို သတ်ဖြတ်နေတဲ့၊ မုဒိမ်းမှုနဲ့ လိင်ပိုင်းဆိုင်ရာ နှိပ်စက်ညှဥ်းပန်းမှုတွေကို ကျူးလွန်နေတဲ့၊ လူအစုလိုက်အပြုံလိုက် အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုတွေကို ဖြစ်စေတဲ့၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေမှတစ်ဆင့် ဒေသတွင်းမတည်ငြိမ်မှုကို ဖြစ်ပေါ်စေတဲ့ စစ်အုပ်စုကို ကျောထောက်နောက်ခံပြု ထောက်ပံ့နေတာတွေကို ဗီယက်နမ်နိုင်ငံအနေနဲ့ ရပ်တန့်ရမှာ ဖြစ်ပါတယ်”လို့ မရတနာမောင်က ပြောပါတယ်။
ဩစတြေးလျ၊ ကနေဒါ၊ အီးယူ၊ ယူကေနဲ့ အမေရိကန်ပြည်ထောင်စုတို့အနေနဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကို ဆက်လက်လုပ်ဆောင်နိုင်အောင် ထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီနဲ့ လူပုဂ္ဂိုလ် ကွန်ရက်တစ်ခုလုံးအပေါ် ဒဏ်ခတ်ပိတ် ဆို့မှုတွေ ချမှတ်ရမယ်ဆိုတာနဲ့ အဲဒီလို လုပ်ဆောင်မှသာ အကြမ်းဖက်စစ်အုပ်စု ကျူးလွန်နေတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ဗီယက်နမ်ရဲ့ ကြံရာပါနေမှုအပေါ် တုန့်ပြန်အရေးယူဆောင်ရွက်မယ်လို့ Justice for Myanmar ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
#PVTV
#HlaingInfo

41
26
8
6September 3, 2026 2.8K 2 4