ဒီဇာတ်ကားလေးကတော့ အမေရိကန်ကောင်မလေး တစ်ယောက် စပိန်နိုင်ငံက ကမ်းခြေလေးတစ်ခုမှာ အချစ်နဲ့ မျှော်လင့်ခြင်းတွေ ပေါက်ဖွားလာပြီး ဘဝရဲ့ အဓိပ္ပါယ်ကို ရှာတွေ့သွားတာကို ရင်ခုန်ကြည်နူးဖွယ် ကြည့်ရှုရမဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပဲ ဖြစ်ပါ တယ်။
ဇာတ်လမ်းအကျဉ်းကတော့ အိုရိုင်ယာဆိုတဲ့ ကောင်မလေးဟာ အမေဖြစ်သူ ပိုင်ဆိုင်တဲ့ စပိန်နိုင်ငံ မာယော့ကာကမ်းခြေက အပန်းဖြေဟိုတယ်လေးကို အ မေနဲ့အတူ လိုက်လည်ခဲ့ပါတယ်။
တစ်ခုရှိတာက သူမဟာ ဦးနှောက်ထဲက အကျိတ်ဖုတစ် ခုကြောင့် အတက်ရောဂါကို ခံစားနေရပြီး ခွဲစိတ်မှုမ ခံယူရင် အသက်ပါသွားနိုင်တဲ့အထိ အန္တရာယ်များပါ တယ်။ ဒါပေမယ့် အဲဒီအကျိတ်ဖုကို ခွဲထုတ်လိုက်ပြန် ရင်လည်း တစ်သက်တာ အမှတ်တရတွေ၊ မှတ်ဉာဏ် တွေ ပျောက်ဆုံးသွားနိုင်ခြေက တော်တော်များတဲ့ အတွက် သူမဟာ မခွဲစိတ်ဘဲ ဆေးသောက်ပြီး ထိန်း ထားဖို့ကို ရွေးချယ်ခဲ့ပါတယ်။
အိုရိုင်ယာဟာ တစ်သက်လုံး အသိစိတ်ကို ထုံထိုင်းစေ တဲ့ဆေးတွေ အချိန်မှန်သောက်၊ အချိန်မှန်အိပ်ပြီး တင်းကြပ်တဲ့ အချိန်ဇယားနဲ့ ကြီးပြင်းလာရတဲ့အတွက် ဒီကမ်းခြေလေးကို ရောက်လာတဲ့အခါ ဆေးသောက် တာကို ရပ်လိုက်ပြီး ဒီနွေရာသီအခိုက်အတန့်လေးကို သေချင်သေ ရှင်ချင်ရှင် ခံစားဖို့ ဆုံးဖြတ်ခဲ့ပါတော့ တယ်။
ဒီလိုနဲ့ သူမဟာ ဟိုတယ်ရောက်ပြီး နောက်တစ်ရက်မှာ ဧည့်ကြိုကောင်မလေးညွှန်းတဲ့ ဝတ်လစ်စလစ်ကမ်းခြေ ကို ဘုမသိ ဘမသိ ရောက်သွားရင်း အတောင့်အဖြောင့် စပိန်ကောင်လေးကို မိမွေးတိုင်း ဖမွေးတိုင်း ဘွားခနဲ တွေ့လိုက်ရတဲ့နောက်မှာ ဘယ်လိုဇာတ်လမ်းလေးတွေ အစပျိုးလာမလဲ..ဒီဇာတ်လမ်းလေးကတော့ ဘယ်လို ဆက်သွားမလဲဆိုတာကို စောင်ကိုက်ရင်း ကြည့်ရှုရမှာ ဖြစ်ပါတယ်။
-
ချန်နယ်လင့် အရင်Joinရန်
ပြီးမှ ဗွီဒီယိုကြည့်ရန်
Main Channel




