Forever My Girl (2018) အချစ်ဆိုတာအနားမှာရှိနေပြီး ဂရုစိုက် နေမှ… — 𝐀𝐫𝐭 𝐁𝐨𝐱 - 𝑹𝒆𝒗𝒊𝒆𝒘 — TG.ME

Forever My Girl (2018)

အချစ်ဆိုတာအနားမှာရှိနေပြီး ဂရုစိုက် နေမှ အချစ်လို့မခေါ်ပါဘူး... သူ့အနားမှာရှိသည်ဖြစ်စေ မရှိသည်ဖြစ် သူနဲ့ပတ်သတ်သမျှအရာတွေအကုန်လုံးကို တန်ဖိုးထား တတ်တဲစိတ်လေးတစ်ခုပါ...

ဒီဇာတ်ကားဟာ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိထားတဲ့ ဒရမ်မာ အမျိုးအစားကားဖြစ်ပါတယ်

ကန်းထရီးအဆိုတော်တစ်ယောက်ဖြစ်တဲ့ လီယမ်ဟာ အောင်မြင်မှုနောက်ကိုလိုက်ရင်း ချစ်သူကောင်မလေးကိုလက်တွဲဖြုတ်ခဲ့ပါတယ်…

နောင်ရှစ်နှစ်အကြာမှာ မွေးရပ်မြေကသူငယ်ချင်း ဟောင်း တစ်ယောက်ရဲ့အသုဘကိုလာရင်းနဲ့ သူတို့အချင်းချင်းတွေ့ဆုံဖို့ ဖြစ်လာပါတော့တယ်...

အောင်မြင်မှု့နောက်ကိုလိုက်ရင်းနဲ့ ချစ်ရသောချစ်သူ ကိုပစ်ထားခဲ့ရပေမယ့် လီယမ်မှာ သူ့ချစ်သူကောင်မလေးရဲ့နောက်ဆုံးပို့ထား တဲ့ Voice Message လေးရှိတဲ့ ဖုန်းအစုတ်လေးကိုပဲ ၈ နှစ်ကြာကြာပေတေကိုင်ရင်း မနက်နိုးတိုင်း အိပ်ခါနီးတိုင်း နေ့တိုင်းကို အဲဒီ Message လေးနားထောင်ပြီး သူ့ရဲ့နေ့ရက်တိုင်းလိုလိုကို ဖြတ်သန်းခဲ့တာပါ…

ဒီလိုမျိုးချစ်သူကို ချစ်တတ်တဲ့စိတ်ကတော့ တကယ် ကိုလေးစားစရာပါပဲ...

သင်တို့မှာသာအဲလိုချစ်သူတစ်ယောက်ရှိရင် လေးကို Share ရင်း သူ့ကိုမျှဝေပေးလိုက်ပါ....

တကယ်တော့ အချစ်ဆိုတာအနားမှာရှိနေပြီး ဂရုစိုက် နေမှ အချစ်လို့မခေါ်ပါဘူး...

အချစ်ဆိုတာ သူ့အနားမှာရှိသည်ဖြစ်စေ မရှိသည်ဖြစ် သူနဲ့ပတ်သတ်သမျှအရာတွေအကုန်လုံးကို တန်ဖိုးထား တတ်တဲစိတ်လေးတစ်ခုပါ...

ဒီကားလေးဟာ အေးစက်တဲ့ကားလေးတစ်ကားလို့ထင် ရပေမယ့် ဒီခေတ်အသုံးအနှုံးနဲ့ပြောရမယ်ဆိုရင် တကယ်ကို ရို တဲ့ကားလေးတစ်ကားပါ...

စာအုပ်နဲ့ရုပ်ရှင်အကြားကွဲလွဲမှုတွေရှိနေတယ်လို့ ဒီကား ဟာ ဝေဖန်ခံခဲ့ရပေမယ့် ပရိသတ်အားပေးမှုကိုရရှိထားပြီး Box Office မှာ အမြတ်အစွန်းများစွာရရှိထားတဲ့ကားကောင်းတစ်ကား ပဲဖြစ်ပါတယ်…

-
ချန်နယ်လင့် အရင်Joinရန်
➡️  နှိပ်ပါ

ပြီးမှ ဗွီဒီယိုကြည့်ရန် 
➡️   နှိပ်ပါ

Main Channel
❤12👏2
August 8, 2026 10K 204