𝐀𝐫𝐭 𝐁𝐨𝐱 - 𝑹𝒆𝒗𝒊𝒆𝒘: post #1616 — TG.ME

Sterling Point (2026)

IMDB: 7.4


ဒီစီးရီးက Coming of Age, Young Adult Drama & Mystery အမျိုးအစား Amazon Prime Video ရဲ့ ဇာတ်လမ်းတွဲအသစ်ပဲ ဖြစ်ပါတယ်။

Megan Park (The Fallout, My Old Ass) က ဖန်တီးရိုက်ကူးထားပြီး The O.C. နဲ့ Gossip Girl တို့ရဲ့ စီစဉ်သူတွေပါ ပူးပေါင်းထုတ်လုပ်ထားတာပါ။

နယူးယော့ခ်မြို့မှာ မွေးစားအဖေနဲ့ အမြွှာမောင်ဖြစ်သူ Connor တို့နဲ့အတူ နေထိုင်ကြီးပြင်းလာခဲ့တဲ့ ၁၇ နှစ် အရွယ် Annie ဆိုတဲ့ ကောင်မလေးဆီကနေ ဇာတ်လမ်းစ တာပါ။

တစ်နေ့မှာတော့ သူမ လျှောက်ထားတဲ့ နွေရာသီ ပရိုဂရမ် ငြင်းပယ်ခံရအပြီးမှာ လုံးဝမတွေ့ဖူးတဲ့ အဘိုးဖြစ်သူထံကနေ ကနေဒါက ကျွန်းလေးတစ်ကျွန်းကို အမွေရရှိခဲ့ကြောင်း စာ တစ်စောင် ရောက်ရှိလာခဲ့ပါတယ်။

သူမရဲ့အတိတ်နဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ မိခင်အကြောင်း အမှန်တရားကို စုံစမ်းဖို့ Annie တစ်ယောက်တည်း အဲဒီကျွန်းဆီ လျှို့ဝှက်ထွက်ခွာလာခဲ့ရာကနေ အဲ့ဒီအိမ်မှာ အသင့်နေထိုင်နေတဲ့ Ramona ဆိုတဲ့ ကောင်မလေး နဲ့ တွေ့ဆုံခဲ့ရပါတယ်။

Ramona ဟာ Annie ရဲ့မွေးမိခင်နဲ့ ရုပ်ချင်း လုံးဝဆင်တူနေပြီး နောက်ပိုင်းမှာမှ အဘိုးဖြစ်သူရဲ့ စာအဆက်အသွယ်တွေကနေတစ်ဆင့် သူတို့နှစ်ယောက်ဟာ မသိခဲ့ရတဲ့ ညီအစ်မအရင်းတွေ ဖြစ်နေမှန်း အံ့ဩဖွယ် သိရှိလိုက်ရပါတော့တယ်။

အဲဒီနောက်မှာတော့ ကျွန်းကို ရောင်းစားဖို့ ရောက်ရှိလာတဲ့ အမြွှာမောင် Connor၊ ကျွန်းပေါ်က လူငယ်တွေရဲ့ အချစ်ရေး ရှုပ်ထွေးမှုတွေနဲ့အတူ မိသားစုရဲ့ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ရင်း၊ အမွေဆက်ခံမှုနဲ့ ညီအစ်မ သံယောဇဉ်ကြား ရုန်းကန်ကြရမယ့် ပေါ့ပေါ့ပါးပါး နဲ့ သည်းထိတ်ရင်ဖို Drama ဇာတ်လမ်းတွဲကောင်းတစ် ကားပဲ ဖြစ်ပါတယ်။

-
စီးရီးချန်နယ်လင့်

https://t.me/ierrorse/3143
❤7
August 22, 2026 6.3K 53