ခရစ်စမတ်ရာသီ နယူးယောက်မြို့တော်မှာ ဂျိုနာသန် ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ ဆာရာ ဆိုတဲ့ ကောင်မလေးတစ်ယောက်ကို Bloomingdale ဆိုတဲ့ ကုန်တိုက်တစ်ခုမှာ စတွေ့ခဲ့မိပါတယ်။
သူတို့နှစ်ယောက်ဟာ ကတ်ရှ်မဲ လက်အိပ်အနက်ကလေး တစ်စုံ တည်းကို ဝယ်ဖို့ ပြိုင်တူဆုပ်ကိုင်မိခဲ့တာ..။
နှစ် ယောက်လုံးမှာ သက်ဆိုင်သူ ကိုယ်စီရှိတော့ စကားအပြန်အလှန်ပြောရင်း လက်ဆုံကျပြီး ဆိုင်ကလေး တစ်ဆိုင်မှာအတူထိုင်ဖြစ်ကြ တယ်ဆိုပါတော့..။
ဆိုင်ကလေးရဲ့ နာမည်က Serendipity 3 ပါ။ အပြင်မှာ တကယ်လဲရှိပါတယ်။
ကိုယ်တွေ အင်းလျားလမ်းမှာတောင်နာမည်လေးခပ် ဆင်ဆင် တစ်ခုရှိတယ် Serenity လေ။ (Serenity ကို 'သက်ငြိမ်' လို့ နာမည်ပေးခဲ့ဖူးတယ်၊
အရင်တုန်းက အင်းလျားလမ်းမှာသင်္ကြန် မဏ္ဍပ် လက်မှတ်ဝယ်ရင် ဒီဘက်ကနေ ဟိုဘက်ထိလျှောက်ခဲ့ဖူး။အခုတော့ အဲဒီဆိုင်လေးက ထာဝရပိတ်သွားခဲ့ပါပြီ
( Serendipity ကိုတကယ်တမ်း အဓိပ္ပါယ်ဆိုရမယ်ဆို ရတနာသိုက်ကြီးကိုရှာတွေ့တယ်ဆိုတာမျိုး၊ထပ်ပြီး ရှင်းရမယ်ဆိုရင်တော့ ရှာမနေပဲနဲ့ အခုမှ ကိုယ့် လက်တွဲဖော်အစစ် ဖူးစာကိုရှာ တွေ့သွားတာလို့ ဆိုလိုချင်ဟန်ရှိတယ်)။
ခုနက စကားအတိုင်းပြန် ကောက်ရရင် ဆာရာက သူ့ဘဝရဲ့ ဆုံးဖြတ်ချက်တွေ အကြောင်းပြောပြဖြစ်ခဲ့ တယ်။ သူတို့နှစ်ယောက် ဟာ စားသောက်ဆိုင်မှာ ကျန်နေခဲ့တဲ့ ပစ္စည်းတွေကို claim လာလုပ်ရင်း နောက်တစ်ခါ ထပ်ဆုံဖြစ်ကြပါတယ်။
ဒါကတော့ ကံကြမ္မာမှာ သူတို့တွေ ရေစက်ပါလာတယ်လို့ ယူဆပြီး ဖုန်းနံပါတ်လေးတွေ ဖလှယ်ဖြစ်ခဲ့တယ်။ ဆာရာ့လက်ထဲက ဖုန်းနံပါတ်ကလေး လေထဲလွင့်ပါး သွားတော့ ဒါဟာ နမိတ်ဆိုးပဲလို့ ဆာရာက ယူဆလိုက်တော့တယ်။
ဒီတော့ ဖုန်းနံပါတ်တွေကို တစ်ခြားနည်းနဲ့ ဖလှယ်ဖြစ်ခဲ့ တယ်။ တစ်ယောက်က ငါးဒေါ်လာတန်လေးပေါ်မှာ နံပါတ်ရေးတယ်။ နောက် တစ်ယောက်က မနက်ဖြန်ရောင်းမယ့် စာအုပ်တစ်အုပ်ရဲ့ အတွင်းဖုံးလေးမှာ ရေးတယ်။
သူတို့သာ တကယ်တမ်း ဖူးစာဖက်ဆိုရင် တစ်ယောက်ယောက်ဟာ တစ်ခု ခုကို ပြန်ရှာတွေ့ပြီး အဆက်အသွယ်ပြန်ရကြမယ်ဆို တဲ့ မျှော်လင့်ချက်ကလေးတွေကိုယ်စီနဲ့ပေါ့လေ
ကဲ ဇာတ်လမ်းလေးကို ဆက်လက်ကြည့် ရှုလိုက်ပါဦး။
(ဒီဇာတ်လမ်းရဲ့အညွှန်းကို Alias မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူကတော့ Sai Thurein Lynn ဖြစ်ပါတယ်)
-
ချန်နယ်လင့် အရင်Joinရန်
ပြီးမှ ဗွီဒီယိုကြည့်ရန်
Main Channel

