IMDB: 7.4
အမေရိကန်ရဲ့ ထိပ်တန်းနိုင်ငံ့ခေါင်းဆောင်အားလုံး တနေရာထဲမှာ လုပ်ကြံခံရရင် တိုင်းပြည်ရဲ့ယန္တရားကို ဘယ်လိုထိန်းကျောင်းပြီး ရှေ့ဆက်မလဲ...-
အမေရိကန်အစိုးရမှာ အစဉ်အလာတစ်ခုရှိပါတယ်...သမ္မတ ၊ဒုသမ္မတနဲ့ ထိပ်တန်းအစိုးရအဖွဲ့ဝင်အားလုံး တစ်နေရာတည်းမှာ စုဝေးရမဲ့ပွဲမျိုးရှိရင် အစိုးရအဖွဲ့ဝင်တစ်ဦးကိုဘေးကင်းလုံခြုံတဲနေရာတစ်ခုမှာ သီးသန့်ခွဲထားလေ့ရှိပါတယ်..
တကယ်လို့ စုဝေးရတဲ့ပွဲမှာ အားလုံးတစ်ခုခုဖြစ်သွားခဲ့ရင် အဲဒီကျန်ရစ်သူက နိုင်ငံရဲ့ အစိုးရယန္တရားကို အချိန်မှီပြန်လည် လည်ပတ်ဖို့ တာဝန်ယူနိုင်ဖို့ဖြစ်ပါတယ်.
.အဲဒီလိုသီးသန့်ခွဲထားတဲ့သူမျိုးကို Designated Survivor လို့ သုံးပါတယ်..ဒီလိုနေ့မျိုးကို အမေရိကန်တို့မရောက်ချင်ဘဲရောက်ခဲ့ရတယ်...
သမ္မတအပါအဝင်အစိုးရ ဝန်ကြီးအဖွဲ့များစုရုံးပြီး လွှတ်တော်မှာ အစည်း အဝေးလုပ်နေတုန်း ဗုံးခွဲခံလိုက်ရတယ်..
အစိုးရအဖွဲ့အဝင်များ ဝန်ထမ်းများ အပါအဝင် လူတစ်ထောင်ကျော်သေဆုံးခဲ့ပြီး အမေရိကန်တစ်နိုင်ငံလုံး တုန်လှုပ်ခဲ့ရတယ်..
အဲဒီမှာ "Designated Survivor" အဖြစ် ရွေးချယ်ခံထားရတဲ့ "ကာ့ဒ်မန်း" တစ်ယောက်တည်း ကျန်ခဲ့ပြီး မမျှော်လင့်ဘဲ အမေရိကန်သမ္မတ ဖြစ်လာရပါတော့တယ်။
တကယ်တော့ ကာ့ဒ်မန်းဟာ မြို့ပြဖွံ့ဖြိုးရေး ဝန်ကြီးဖြစ်ပြီးတော့ သမ္မတ ရာထူးကို ဆက်ခံရမယ့် အစဉ်လိုက် (Line of Succession) မှာ ကြည့်ရင် သူက နံပါတ် ၁၂ နေရာမှာပဲ ရှိတာပါ။
ဒါကြောင့်လည်း သူ့ကို အရေးမပါတဲ့သူလို့ သတ်မှတ်ပြီး ဗုံးခွဲခံရတဲ့ညမှာ Designated Survivor အဖြစ်ရွေးချယ်ပြီး သီးသန့် ဖယ်ထုတ်ထားခဲ့တာ ဖြစ်ပါတယ်။
ဆိုတော့ ဒီလိုလူက သမ္မတဖြစ်လာတဲ့အချိန်မှာ ကာကွယ်ရေးဝန်ကြီးနဲ့ အခြားအရာရှိကြီးတွေဟာ အထင်လည်းမကြီးသလို မီဒီယာကနေ ပေါ်ပေါ်တင်တင်အရည်အချင်းမရှိဘူးလို့ ပြောဆိုကြပါတယ်.
ဒါ့အပြင် အခြားနိုင်ငံတွေကပါ မထီလေးစားဟန်တွေပြလာပါတယ်...
ဒီလိုအခြေအနေတွေကနေ သမ္မတ ကာ့ဒ်မန်းဘယ်လိုရုန်းထွက်မလဲ..
ပြီးတော့FBI ကရော ဗုံးခွဲတဲ့သူတွေကို ဘယ်လိုဖမ်းမလဲဆိုတာကို
အပိုင်းတိုင်းရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရမှာပါ..
ဒီစီးရီးက နိုင်ငံရေးကားဆိုပြီး ပျင်းစရာကောင်းတယ်လို့ထင်ရင်မှားသွားပါလိမ့်မယ်..သမ္မတကာ့ဒ်မန်းကဒီလိုအခြေအနေတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာကို ကိုယ်တိုင်သူနဲ့အတူမျောပါပြီးကြည့်နေရမှာပါ...
ဇာတ်လမ်းတွဲချန်နယ်လင့်
https://t.me/ierrorse/3098?single




