𝐀𝐫𝐭 𝐁𝐨𝐱 - 𝑹𝒆𝒗𝒊𝒆𝒘: post #1608 — TG.ME

Pawsin The City (2025)

ဒီကားဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကမှ ထွက်ရှိထားတဲ့ အမေရိကန် အချစ်ဟာသ (Romantic Comedy) ရုပ်ရှင်ကားလေး ဖြစ်ပါတယ်။ Stefanie London ရဲ့ "The Dachshund Wears Prada" ဆိုတဲ့ နာမည်ကြီးလုံးချင်းဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး ခွေးချစ်တတ်သူတွေအကြိုက် ဇာတ်လမ်းဆန်းဆန်းလေး ဖြစ်ပါတယ်။

ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် အီဆာ (Issa) ဟာ ဆိုရှယ်မီဒီယာ အကြံပေးပညာရှင်တစ်ယောက်ဖြစ်ပြီး ဇာတ်လမ်းအစမှာတင် အမှားတစ်ခုကြောင့် အလုပ်ပြုတ်၊ ဘဝပျက်ပြီး အင်တာနက်ပေါ်မှာ Meme တစ်ခု ဖြစ်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ပုံနှိပ်တိုက်တစ်ခုရဲ့ CEO အသစ်ဖြစ်လာတဲ့ သီအို (Theo) နဲ့ ဆုံတာပေါ့။ သီအိုမှာ သူ့အဘွားဆီက အမွေရထားတဲ့ ခါမီလာ (Camilla) ဆိုတဲ့ Dachshund ခွေးမလေးတစ်ကောင် ရှိပါတယ်။ အဲဒီခွေးမလေးက ဘယ်သူ့ကိုမှ အဖက်မလုပ်ပေမယ့် အီဆာ့ကိုကျမှ ထူးထူးဆန်းဆန်း သံယောဇဉ်တွယ်ပြနေတာကြောင့် သီအိုက အီဆာ့ကို သူ့ရဲ့ခွေးထိန်းအဖြစ် ချက်ချင်း အလုပ်ခန့်လိုက်ပါတော့တယ်။

သီအိုက လူအများနဲ့ မဆက်ဆံချင်တဲ့ အပုန်းသမားဖြစ်ပြီး ဆိုရှယ်မီဒီယာနဲ့ ပတ်သက်ရင် အရမ်းမုန်းတဲ့သူပါ။ ဒါပေမဲ့ အီဆာကတော့ ခွေးလေး ခါမီလာကို ထိန်းရင်းနဲ့ သူ့ရဲ့ ဆိုရှယ်မီဒီယာစွမ်းရည်တွေကိုသုံးပြီး ခွေးလေးရဲ့ ချစ်စရာ ပုံရိပ်တိုလေးတွေကို အပျော်တမ်း ဖန်တီးခဲ့ပါတယ်။ တစ်ဖက်မှာလည်း အီဆာနဲ့ သီအိုတို့ဟာ ခွေးလေးကြောင့် တဖြည်းဖြည်း နီးစပ်လာပြီး တစ်ယောက်ကိုတစ်ယောက် သံယောဇဉ် ရှိလာကြတာပေါ့။

ဒါပေမဲ့ အီဆာမှာ လျှို့ဝှက်ချက်တစ်ခု ရှိနေပါတယ်။ သူနဲ့ သူ့ညီမဟာ သူတို့အမေကို နိုင်ငံထဲ တရားဝင်ခေါ်ယူနိုင်ဖို့အတွက် လိုအပ်တဲ့ ရှေ့နေခတွေကို မတတ်နိုင်ဖြစ်နေတာပါ။ အဲဒီငွေကို အပူတပြင်း လိုချင်နေတဲ့ အီဆာဟာ သီအိုကို လုံးဝအသိမပေးဘဲ ခွေးလေး ခါမီလာကို ဆိုရှယ်မီဒီယာ ခွေးလှပြိုင်ပွဲတစ်ခုထဲကို ခိုးပြီး စာရင်းသွင်းလိုက်ပါတော့တယ်။
ဒီလျှို့ဝှက်ချက်ကြီး ပေါ်သွားတဲ့အခါမှာတော့ သီအိုက အီဆာ့အပေါ် သစ္စာဖောက်ခံရတယ်လို့ ခံစားရပြီး သူတို့နှစ်ယောက်ကြားမှာ အဖုအထစ်တွေ ဖြစ်ကုန်ပါတယ်။ နောက်ဆုံးမှာတော့ သီအိုတစ်ယောက် အီဆာ့ကို စိတ်ဆိုးတာထက် အီဆာ့ရဲ့ မိသားစု အခြေအနေကို နားလည်ပေးပြီး ခွင့်လွှတ်သွားမလား၊ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကကော ဘယ်လို ဇာတ်သိမ်းမလဲဆိုတာကို ၉၀ မိနစ်နီးပါး ကြာချိန်အတွင်းမှာ ပေါ့ပေါ့ပါးပါးလေး ကြည့်ရှုရမှာ ဖြစ်ပါတယ်။

မင်းသမီးချော Emeraude Toubia နဲ့ မင်းသား Carter Jenkins တို့ရဲ့ Chemistry က တော်တော်လေး လိုက်ဖက်သလို၊ ပါဝင်တဲ့ ခွေးလေးကလည်း အရမ်းချစ်ဖို့ကောင်းပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ စိတ်အပန်းဖြေဖို့ ရိုမန့်စ်ကား ကြည့်ချင်သူတွေ၊ အထူးသဖြင့် ခွေးချစ်တတ်သူတွေအတွက် အကြိုက်တွေ့စေမယ့် ဇာတ်ကားလေး ဖြစ်ပါတယ်။

-
ချန်နယ်လင့် အရင်Joinရန်
➡️  နှိပ်ပါ

ပြီးမှ ဗွီဒီယိုကြည့်ရန် 
➡️   နှိပ်ပါ

Main Channel
❤3
July 30, 2026 8K 14