Heartstopper (2022_2026) Season 1,2,3 & Final Movie #BL IMDB: 8.5… — 𝐀𝐫𝐭 𝐁𝐨𝐱 - 𝑹𝒆𝒗𝒊𝒆𝒘 — TG.ME

Heartstopper (2022_2026) Season 1,2,3 & Final Movie #BL

IMDB: 8.5

Heartstopper Forever (2026)
ဇာတ်သိမ်းပိုင်း ထွက်ပါပြီ


ကျွန်တော့်ချစ်သူ ဘန်က ကျွန်တော်တို့ ပတ်သတ်မှုကို လူသိမခံချင်ဘူးတဲ့...ကျွန်တော်တို့က ချစ်သူတွေဆိုပေမယ့် ကျွန်တော်ဟာ သူတွေ့ချင်တယ်ဆိုမှ သူခေါ်တဲ့ နေရာကို သွားတွေ့ရတယ်။ သူ စိတ်ပါမှ ကြင်နာ ယုယ နမ်းရှိုက်ခွင့်ရှိတယ်။လူပုံအလယ်မှာဆို သူ ကျွန်တော့်ကို မသိချင်ယောင်ဆောင်တယ်။

ကျွန်တော်လိုချင်တာ လူကြားထဲမှာ ကျွန်တော်နဲ့ စကားပြောတဲ့အခါ လူတွေရဲ့အမြင်တွေကို မမှုသူ…. ကြင်နာတတ်သူ … ကျွန်တော်နဲ့ အမြဲ အတူရှိချင်တဲ့သူပါ။ကျွန်တော့် တောင်းဆိုချက်တွေက များသွားလား …

ချာလီ

ကျောင်းပထမနေ့မှာ သူ ကျွန်တော့်ဘေးမှာ လာထိုင်တယ်။ အတန်းပေါင်းစုံ အဖွဲ့ဖွဲ့ရတဲ့ နှစ်တစ်နှစ်ဖြစ်လို့ သူက ကျွန်တော်နဲ့ ရွယ်တူတော့ မဖြစ်နိုင်လောက်ဘူးဗျ။ ‌

ဟော မပြောဘူးလား သူက ကျွန်တော့်ထက် အတန်း တစ်နှစ်ငယ်တဲ့ ၁၀ တန်းကျောင်းသားလေး။ ဘာရယ်တော့မဟုတ် သူနဲ့ တွေ့ရင် စကားဖောင်တွေ ဖွဲ့နေမိပါတယ်။

အပြေးသန်တဲ့ ဒီကောင်လေးကို ကျွန်တော်တို့ ရတ္ဂ်ဘီဘောလုံးအသင်းမှာ ပါဖို့ ကျွန်တော် ဖြောင်းဖြမိတယ်။ ဘာမှ မကစားတတ်တဲ့ သူ့ကို ကျွန်တော်ကိုယ်တိုင်
သင်ပေးမယ်လို့ အာမ,ခံမိပြန်တယ်။

တစ်နေ့ ကျောင်းဆင်းချိန် သူမျက်နှာမကောင်းလို့ လိုက်ချောင်းကြည့်တဲ့အခါ သူ့ချစ်သူဆိုတဲ့ ကောင်လေးနဲ့ သူရန်ဖြစ်နေလေရဲ့။ကျွန်တော် သူ့ဘက်က ၀င်ပါပေးခဲ့တယ်။ လိုက်ချောင်းတာ လူမိသွားတော့လည်း စိတ်ပူနေလို့ဆိုတာ ၀န်ခံလိုက်ရပါတယ်။

အိမ်အပြန်လမ်းက ဆန့်ကျင်ဘက်ဆိုတော့ ကိုယ့်လမ့်ကိုယ်သွား လမ်းခွဲခဲ့ကြတယ်။ အိမ်ပြန်လမ်းတစ်လျှောက်မှာ သူ့အကြောင်းကို
စဉ်းစားနေမိတာကိုတော့ ကျွန်တော်ကိုယ်တိုင် သတိမထားမိခဲ့လေဘူး …..

နစ်ခ်

အညွှန်း နဲ့ ဘာသာပြန်ကတော့ Yoon Sandi Aung ပဲ ဖြစ်ပါတယ်။

-
ဇာတ်လမ်းတွဲချန်နယ်လင့်

https://t.me/ierrorse/3080?single
❤2
July 18, 2026 9.4K 4