အချစ်ဆုံးသူငယ်ချင်း လို့ ပြောပြီး ရင်ထဲကအချစ်တွေကို သိုဝှက်ထားကြတယ်..တခါတရံမှာ အချစ်ဆိုတာ ကိုယ့်အနားမှာရှိပြီး အဝေးကြီးကိုလိုက်ရှာနေမိတတ်ကြတယ်
မျှော်လင့်ချက်တွေနဲ့ တယောက်မျက်နှာ တယောက်ငေးကြည့်ရင်း အချိန်ကုန်သွားကြတယ်
အဖြူရောင်သံယောဇဥ်တွေကြား အချစ်ကိုစတေးလိုက်ကြတယ်
သင်ဘယ်ကိုပဲရောက်နေပါစေ ဘယ်သူနဲ့ပဲရှိနေပါစေ သင့်ကိုချစ်တဲ့သူ သင်ကချစ်ရတဲ့သူက သင့်အနားကို ပုံစံတမျိုးမျိုးနဲ့ ပြန်ရောက်လာမှာပါပဲ
နောင်တမရခင်လေးမှာ သင်ချစ်ရတဲ့အချစ်ဆုံးသူငယ်ချင်းကို ချစ်နေရတဲ့အကြောင်း ဖွင့်ပြောလိုက်ပါတော့...
ဒါလေးက ဇာတ်သိမ်းမှာထည့်ထားတဲ့ အကြိုက်ဆုံးစာသားလေးပါ
Love, Rosie (2014)
===============
IMDB: 7.2
ရိုစီ ဆိုတဲ့ ကောင်မလေး တစ်ယောက်ရှိတယ်...သူမဟာ ပွင့်လင်းတယ် ရဲရင့်တယ် သူ့မှာ အဲလက်စ် လို့ ခေါ်တဲ့ သူငယ်ချင်း ကောင်လေး ရှိတယ်
အဲလက်စ် နဲ့ ရိုစီ ဆိုတာ အသက် ၅ နှစ်လောက်ထဲက ခင်မင်လာတဲ့ငယ်ပေါင်း သူငယ်ချင်းတွေ အိမ်ချင်းကလဲ မျက်နှာချင်းဆိုင်ပါပဲ...အဲလက်စ် ရဲ့ အရာရာဘာမဆို တိုင်ပင်နိုင်တဲ့အကောင်းဆုံးလူဟာ ရိုစီ ဖြစ်သလို ရိုစီ ရဲ့အတွင်းရေး အရာအားလုံးကိုသိရှိနေတာကလဲအဲလက်စ် ပါပဲ...
သူတို့ ၂ ယောက်ဟာ ငယ်ငယ်ထဲက တပူးပူးတတွဲတွဲဖြစ်သလို အထက်တန်း အောင်ပြီးနောက်မှာလဲ တစ်မြို့ထဲ နေကြပြီး အဲလက်စ်က ဆေးကျောင်းဆက်တက်မယ် ရိုစီက ဟိုတယ်စီမံခန့်ခွဲဆိုင်ရာကျောင်းကို ဆက်တက်မယ်ဆိုပြီးအိပ်မက်တွေ မက်ခဲ့ကြပါတယ်…
ဒါပေမယ့် ကံကြမ္မာဆိုတာ ကြိုမမြင်ရပါဘူး…ကျောင်းကပွဲတွေပဲ ဖြစ်ဖြစ် ဘယ်လို ပါတီမျိုးကိုပဲ ဖြစ်ဖြစ်အတူတူ ကဖို့ အဲလက်စ် နဲ့ ရိုစီ တို့ဟာ စုံတွဲ တက်လေ့ ရှိပေမယ့်နောက်ဆုံး ကျောင်းပိတ် နှုတ်ဆက်ပွဲမှာတော့အဲလက်စ် က ရိုစီ ကို ကပွဲ အတူတူ တက်ဖို့ ဖိတ်ပေမယ့် ရိုစီ ကခပ်ချောချော ကောင်လေး ရဲ့ ဖိတ်ခေါ်မှု ကိုရရှိထားတာမို့ အဲလက်စ် လဲ သူစိတ်ဝင်စားနေတဲ့ ကောင်မလေးရှိကြောင်းဘတ်သနီ ဆိုတဲ့ ကောင်မလေး နဲ့ အတူ တွဲတက်ဖို့စီစဉ်ထားကြောင်း ပြောဖြစ်ပြီး နှစ်ယောက်သားအတွေးကိုယ်စီနဲ့ ရှိနေခဲ့ပါတယ်…
ပါတီပွဲကျင်းပတဲ့ နေ့မှာတော့ ရိုစီ ဟာဂျရက်ဆိုတဲ့ ကျောင်းသား တစ်ယောက်နဲ့ အတူ အိပ်မိပြီး ဆေးသောက်ခဲ့ပေမယ့် မတော်တဆ ကိုယ်ဝန် ရသွားပါတယ်...
ထို ကိုယ်ဝန် ကို ဂျရက်ကလဲ တာဝန်မယူ ရှောင်ပြေးသွားပြီး သူငယ်ချင်းဖြစ်သူ အဲလက်စ် ကိုလဲသူ့ အတွက် ကျောင်းသွားမတက်တော့မှာကိုစိုးရိမ်ပြီးထိမ်ချန်ထားခဲ့ပါတော့တယ်…
တစ်ခြားမြို့မှာ ဆေးကျောင်းသွားတက်နေတဲ့အဲလက်စ် ကတော့ ရိုစီ သူ့ဆီ ရောက်လာမယ့်အချိန်ကို အမြဲတမ်း စောင့်မျှော်နေသလို ရိုစီကလဲ ကလေးအတွက် ကျောင်းပညာရေးကိုစွန့်လွှတ်လိုက်ရပြီး မိခင်ဘ၀ ကိုငယ်ငယ် ရွယ်ရွယ် နဲ့ ရောက်သွားခဲ့ပါတယ်…
တစ်နေ့မှာတော့ အဲလက်စ် ဟာ ရိုစီ ရဲ့ အိမ်ကိုအကြောင်းမကြားပဲ ရောက်လာခဲ့ပါတယ် ရိုစီ နဲ့ အဲလက်စ် တို့ ဘာဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါအုံး…
ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့Htet Wai Lwin ဖြစ်ပြီး Thit San Khant မှEncode တင်ဆက်ပေးထားပါသည်။
-
ချန်နယ်လင့် အရင်Joinရန်
ပြီးမှ ဗွီဒီယိုကြည့်ရန်
Main Channel


