𝐀𝐫𝐭 𝐁𝐨𝐱 - 𝑹𝒆𝒗𝒊𝒆𝒘: post #1595 — TG.ME

It Takes More Than a Pretty Face To Fall in Love (2025) Japan

ဒီ ဂျပန်ကားလေးကတော့ ဆယ်ကျော်သက် ကျောင်းသားဘဝ နုနုငယ်ငယ် ချောချောလေးတွေရဲ့ အချစ်ရေးရာကိစ္စလေးတွေကို စောင်ကိုင်ကြည့်ရှုရမယ့် ရိုမန့်စ်ကားလေးပဲ ဖြစ်ပါတယ်နော်...။

ဆာနာဆိုတဲ့ ကောင်မလေးက အဆင်ချောချောလေးတွေကို ဘဝလုပ်ပြီး နေထိုင်နေသူမို့ တစ်နေ့တစ်နေ့ ပင်ပန်းလာတယ်ဆိုရင်တောင် လိုင်းပေါ်ကနေ အဆင်လေးတွေ ငမ်းလိုက်ရပြီဆို အာသာပြေကျေနပ် အားအင်တွေ ပြန်ပြီး ပြည့်ဝသွားတဲ့သူမျိုးလေးပါ။

သူတို့တက်ရောက်ရမယ့်ကျောင်းမှာလည်း လူတကာက ဝိုင်းပြီး ကြူးချင်ကြတဲ့ အူဂါ တာနာကိုဆိုတဲ့ အဆင်ချောချော စီနီယာအစ်ကိုကြီးတစ်ယောက်ရှိပါတယ်။ ဒါပေမဲ့ သူက ကျောင်းမှာဆို လူကိုတွေ့ဖူးချင်လွန်းလို့ လိုက်ရှာရင်တောင် လူအကောင်လိုက်မပြောနဲ့ အရိပ်တောင် ရှာမရတဲ့လူမျိုးပေါ့။

ဒီလိုနဲ့ တစ်ရက်ကျတော့ ဆာနာလေးမှာ သူ ကြူးနေတဲ့ ဒီ စီနီယာအစ်ကိုချောချောကြီးရဲ့ မထင်မှတ်ပဲ အကူအညီတောင်းတာကို ကြုံလိုက်ရပါတော့တယ်။
အဲဒါက ဘာလဲဆိုတော့ တာနာကိုအနေနဲ့ ကျောင်းပျက်များတာကြောင့် ကျောင်းထွက်ရတော့မလို ဖြစ်နေပြီး ကျောင်းအုပ်ကြီးက ကျောင်းမထွက်ချင်ဘူးဆို မင်းရုပ်ချောတာကို အကြောင်းပြပြီး ကျောင်းအကောင့်ကို Follower တစ်သိန်းပြည့်အောင် ရှာပေးမယ်ဆို ကျောင်းမထုတ်ဘူးဆိုလာတာကြောင့် သူ ကျောင်းအကောင့်နဲ့ အကူအညီလိုက်တောင်းတုန်းက စာပြန်လာတဲ့ တစ်ဦးတည်းသော ဆာနာဆီကို ရောက်လာပါတော့တယ်။

အဲဒီမှာတင် တစ်ဖက်သတ်ကြူးနေရတဲ့ စီနီယာအစ်ကိုကြီးကို တောက်လျှောက် ပံ့ပိုးကူညီရင်း နှစ်ဦးသား ဘယ်လိုဆက်ဖြစ်လာမလဲ တစ်ဖက်မှာလည်း ဆံပင်ပုံထူးထူးဆန်းဆန်းနဲ့ကောင်လေးတစ်ယောက်ကလည်း ဆာနာ့အနားကို ရောက်လာတော့ ဘာဆက်ဖြစ်မလဲဆိုပြီး ရိုမန့်စ်လေးတွေကို ခံစားရမှာပါ....။

-
ချန်နယ်လင့် အရင်Joinရန်
➡️  နှိပ်ပါ

ပြီးမှ ဗွီဒီယိုကြည့်ရန် 
➡️   နှိပ်ပါ

Main Channel
❤2
July 15, 2026 9.1K 1 34