အိမ်ထောင်ရေးကံ ဆိုတာ တကယ်ရှိတယ်။ ရုပ်ရည်နဲ့လည်း မဆိုင်ဘူး။… — အိမ်​ထောင်သည်များရင်ဖွင့်ရာ — TG.ME

အိမ်ထောင်ရေးကံ ဆိုတာ တကယ်ရှိတယ်။

ရုပ်ရည်နဲ့လည်း မဆိုင်ဘူး။

စည်းစိမ်နဲ့လည်း မဆိုင်ဘူး။

ပညာတတ်ခြင်း မတတ်ခြင်းနဲ့လည်း မဆိုင်ဘူး။

ပြောတတ် ဆိုတတ် နေတတ် ထိုင်တတ်ခြင်းနဲ့လည်း
မဆိုင်ဘူး။

အိမ်ထောင်ဖက်ကို ဘယ်လို ကိုင်တွယ်တတ်ခြင်းနဲ့လည်း မဆိုင်ဘူး။
ဘာဆို ဘာနဲ့မှကို မဆိုင်ဘူး။

လူတစ်ယောက်ကို ဘယ်လိုမှ လိုက်ယှဉ်လို့
မရတဲ့ နေရာဟာ အိမ်ထောင်ရေးကံပဲ။

မယူခင်က လူကောင်းဖြစ်ပြီး
ယူပြီးခါမှ သုံးစားမရတော့တာဟာ
အိမ်ထောင်ရေးကံ။

မယူခင်က ဆိုးသလောက်
ယူလည်းပြီးရော လူကောင်းဖြစ်လာတာ
အိမ်ထောင်ရေးကံ။

လူတစ်ယောက် ပြောင်းလဲလာဖို့
ဘယ်နတ်ဘုရားမှ မစွမ်းဆောင်နိုင်ဘူး။

ဘယ်သူမှ ဝင်မပြုပြင်နိုင်ဘူး။
ကာယကံရှင်ကိုယ်တိုင် ပြုပြင်ချင်စိတ် မရှိသ၍၊
အားထုတ်ခြင်း မရှိသ၍
ဘာနဲ့မှ လုပ်ယူလို့ မရတာ အိမ်ထောင်ရေး ကံပါပဲ။

အကောင်းဆုံး ကြိုးစားပါလျက်နဲ့
နာကျင်ရတဲ့အခါ ငါဘာမှားလို့လဲ
တွေးစရာမလိုတာ အိမ်ထောင်ရေးကံပါပဲ။

ဝမ်းနည်းရတာတွေအတွက် ကိုယ့်ကိုယ်ကို
အပြစ်တင်နေဖို့ မလိုတာ အိမ်ထောင်ရေးကံပါပဲ။

အိမ်ထောင်ရေးကံ မကောင်းသူ တစ်ယောက်ကိုလည်း
နင်က ဘာဖြစ်တာကိုး ညာဖြစ်တာကိုးတွေ
လုံးဝ မပြောသင့်ဘူးပေါ့။

သူကြိုးစားခဲ့ရတာ သူအသိဆုံး၊
သူနာကျင်ရတာလည်း သူသာ အသိဆုံးပါ။
လူသားစင်စစ် ကာယကံရှင် မပြောနဲ့
ဘယ်တန်ခိုးရှင်မှ ဝင်ပြင်လို့ မရတာ
အိမ်ထောင်ရေးကံပါပဲ။

မျက်ရည်ကျတဲ့အခါ သုတ်ပေးပြီး
တုန်ရီနေတဲ့အခါ ထွေးပွေ့လို့
အထီးကျန်နေတဲ့အခါ
အတူရှိနေပေးရုံကလွဲရင်
ဘယ်အရာနဲ့မှ ထပ်မနာကျင်စေသင့်သူတွေပါ။
Credit :
#Crdဘဝရဲ့ခရီးသည်😊
👍66👎5
October 17, 2022 43K 9