အမျိုးသမီးတွေ တကယ်ပြီးမြောက်ကြရဲ့လား? “ပြီးတယ်” ဆိုတာ ဘာလဲဆိုတာကို… — အိမ်​ထောင်သည်များရင်ဖွင့်ရာ — TG.ME

အမျိုးသမီးတွေ တကယ်ပြီးမြောက်ကြရဲ့လား? “ပြီးတယ်” ဆိုတာ ဘာလဲဆိုတာကို သိပ်တော့ ရှင်းပြစရာလိုမယ်မထင်ပါဘူး။ အထူးသဖြင့် အမျိုးသားတွေ အကြားမှာပေါ့။ လိင်မှုကိစ္စအဝဝရဲ့ စိတ်ကျေနပ်စရာအကောင်းဆုံး တစ်ဒင်္ဂအခိုက်အတန့်လေးကို ပြီးတယ်လို့ သုံးနှုန်းတတ်ကြတာမျိုးပါ။ ပုရိသ အမျိုးသားတွေအတွက် “ပြီးမြောက်တယ်” ဆိုတာက လိင်ဆက်ဆံတာ၊ တစ်ကိုယ်ရည်အာသာဖြေတာစတဲ့ ဘယ်လိုအခြေအနေမျိုးမှာမဆို ဖြစ်နိုင်ခြေရှိပေမယ့် အမျိုးသမီးထုအတွက်ကျ အခြေအနေက မတူညီပါဘူး။ နောက်ပြီး ဒီအချက်ကို အမျိုးသားအများစုက သိနားလည်ထားကြခြင်းမရှိကြပါဘူး။ အမျိုးသမီးတွေရဲ့ ပြီးမြောက်မှုဟာ အမျိုးသားတွေထက် ပိုမိုရှုပ်ထွေးလှပြီး တစ်ချို့သောလေ့လာချက်တွေမှာပြောထားချက်တွေအရဆိုရင် တစ်ချို့သော အမျိုးသမီးတွေဟာ အသက်သေဆုံးသွားချိန်အထိ ပြီးမြောက်တဲ့ခံစားချက်ကို တစ်ကြိမ်တစ်ခါမှ မခံစားခဲ့ဖူးတာမျိုးတောင် ရှိပါတယ်တဲ့။ အမျိုးသမီးတွေရဲ့ လိင်ခံစားမှု အထွတ်အထိပ်ရောက်ချိန်ဟာ အခြေအနေ၊ အချိန်အခါကိုလိုက်ပြီး တစ်ယောက်နဲ့ တစ်ယောက် မတူကြပြန်ပါဘူး။ လိင်ခံစားမှုမှာ အထွတ်အထိပ်ရောက်ဖို့ဆိုတာ လိင်ဆက်ဆံခြင်းရဲ့ အဓိက ပန်းတိုင်တစ်ခုပါ။ ဒါပေမဲ့ အမျိုးသမီးအများစုဟာ သူတို့ရဲ့ အသက် ၂၀ ကနေ ၃၀ နှစ်အထိ အချိန်ကာလတွေမှာ လိင်ဆက်ဆံချိန်မှာ အထွတ်အထိပ်ရောက်ခြင်းကို မခံစားရပါဘူး။ ပိုဆိုးတာက အပြာရုပ်ရှင်တွေထဲက မင်းသမီးတစ်ချို့ရဲ့ လွဲမှားစွာပုံဖော်နေမှုတွေကြောင့်လို့ ကနေဒါနိုင်ငံမှာ ပြုလုပ်တဲ့ သုတေသနတစ်ရပ်က ဆိုထားပါတယ်။ လေ့လာချက်တွေအရ အပြာရုပ်ရှင်တွေရဲ့ ၁၈.၃ ရာခိုင်နှုန်းမှာသာ အမျိုးသမီးတွေဟာ လိင်ခံစားမှု အထွတ်အထိပ်ရောက်မှုကို မှန်ကန်စွာ သရုပ်ဖော်ထားနိုင်တာကို တွေ့ရပါတယ်။ အမျိုးသမီးတွေ လိင်ခံစားမှု အထွတ်အထိပ်ရောက်ဖို့အတွက် အရေးအပါဆုံးအချက်က လိင်အင်္ဂါအစေ့ (Clitoris) ရဲ့ အခန်းကဏ္ဍဖြစ်ပါတယ်။ ဖင်လန်နိုင်ငံအခြေစိုက် Population Research Institute ရဲ့ လေ့လာချက်တစ်ခုထဲမှာဖော်ပြထားတာကတော့ အသက် ၃၅ နှစ်အောက် အမျိုးသမီး အများစုဟာ သူတို့ရဲ့ ပထမဆုံး လိင်ခံစားမှု အထွတ်အထိပ်ရောက်ခြင်းကို တစ်ကိုယ်ရည်အာသာ ဖြေခြင်းကနေတဆင့်သာရခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လိင်ဆက်ဆံချိန်မှာ အထွတ်အထိပ်ရောက်ပြီး ပြီးမြောက်နှုန်းဟာလည်း ၆% သာရှိပါတယ်တဲ့။ ဆိုလိုချင်တာက အမျိုးသမီးတွေ လိင်ခံစားချက် အထွတ်အထိပ်ရောက်ဖို့ကိစ္စဟာ အမျိုးသားတွေထက် ပိုခက်ခဲပြီး အမျိုးသားတွေနဲ့ လိင်ဆက်ဆံမှုကနေတဆင့် အထွတ်အထိပ်ရောက်ဖို့ကလည်း မလွယ်ကူဘူးဆိုတဲ့ အဓိပ္ပါယ်ပါ။ အမျိုးသမီးတွေ လိင်ခံစားမှုအထွတ်အထိပ်ရောက်ဖို့အတွက် အဓိကလိုအပ်ချက်တွေက မအင်္ဂါစေ့နှိုးဆွခံရမှုရယ်၊ လိင်ဆန္ဒ ပြင်းပြနှုန်းရယ်၊ လိင်ပိုင်းဆိုင်ရာ ယုံကြည်ချက်ရယ်၊ အဖော်ဖြစ်သူနဲ့ ပွင့်လင်းစွာ ဆက်နွယ်နေမှုရယ်ဖြစ်တယ်လို့ သုတေသနပညာရှင် ပါမောက္ခ အော့စ်မို ကွန်တူလာက ပြောဖူးပါတယ်။ အမျိုးသမီးတွေ လိင်စိတ်အထွတ်အထိပ်ရောက်ဖို့အတွက်က ခက်ခဲလှရတဲ့ကြားထဲ သူတို့ကို ဒီလိုစိတ်ခံစားချက်မျိုးမဖြစ်စေဖို့ ဟန့်တားနေတဲ့အချက်တွေကလည်း ရှိနေပါသေးတယ်။ ဒါတွေကတော့ · ပင်ပန်းခြင်း၊ · ရှက်ရွံ့စိတ်ကြောင့် အတွေးများခြင်း၊ · စိတ်ဖိအား ခံစားနေရခြင်းနဲ့ · အာရုံစူးစိုက်နိုင်စွမ်း နည်းခြင်း တို့ဖြစ်ကြပါတယ်။ ခြုံပြောရရင် အမျိုးသမီးတွေနဲ့ လိင်ခံစားမှုအထွတ်အထိပ်ရောက်ဖို့ အမျိုးသားတွေထက် ပိုမိုခက်ခဲပါတယ်။ ဒါကြောင့်လည်း ဆက်ဆံဖော်ကျေနပ်စေဖို့ ဟန်ဆောင်ပြီးမြောက်မှုတွေ ပြုလုပ်ကြတာမျိုးတွေ ဖြစ်လာတာပါ။ လိင်ကိစ္စဆိုတာ ပျော်ရွှင်မှုနဲ့ တိုက်ရိုက်ဆက်နွှယ်နေတာပါ။ ၂ နှစ်ဦး ၂ ဘက်လုံး ကျေနပ်နှစ်သက်မှုအပြည့်နဲ့ ပြီးမြောက်နိုင်စေဖို့ဆိုရင် အပြန်အလှန်ပွင့်လင်းပြီး နားလည်မှုပြည့်ဝနေမှသာ ဖြစ်နိုင်မယ်ဆိုတဲ့အကြောင်း အကြံပြုလိုက်ပါရစေ။ Crd to original uploader #Healtppy #LiveLongerBetter

November 26, 2022 58.7K 38