လူတော်တော်များများက ပေးဆပ်တတ်တဲ့သူဆိုရင် တန်ဖိုးရှိတယ်မမြင်ကြဘူး။… — အိမ်​ထောင်သည်များရင်ဖွင့်ရာ — TG.ME

လူတော်တော်များများက ပေးဆပ်တတ်တဲ့သူဆိုရင် တန်ဖိုးရှိတယ်မမြင်ကြဘူး။ အပေါ်ယံဟန်လေးလုပ်ပြမှ တန်ဖိုးရှိသူလို့မြင်တတ်ကြတာ... စိတ်ပူလို့ စကားအများကြီးပြောတတ်တဲ့သူဆိုရင် အလေးအနက်မထားချင်ကြဘူး။ ပလီပလာ စကားလေးတစ်ခွန်းကမှ လေးနက်တယ်ထင်ကြတာ... ပြောမနာ ဆိုမနာ အပြောခံတတ်တဲ့သူဆိုရင် မလေးစားကြဘူး။ အလေးမစိုက်တဲ့ဟန်ကိုကျတော့ မမြင်ဘဲခေါင်းပဲ ညိတ်ပြနေတဲ့သူကမှ လေးစားစရာကောင်းတယ်ထင်ကြတာ... အစဉ်တစိုက် ကြိုးစားနေတဲ့သူကိုဆိုရင် အထင်မကြီးကြဘူး။ သူများနှာခေါင်းပေါက်နဲ့ အသက်ရှူပြီး အောင်မြင်နေကြတဲ့သူတွေကိုမှ အထင်ကြီးပြီးလက်ခုပ်တီးပေးကြတာ... မှန်ရာကို ခပ်ပြတ်ပြတ်ပြောတတ်တဲ့သူကိုဆိုရင် ပြတ်သားတတ်တယ်လို့ မထင်ကြဘူး။ စကားပေါ်မှာ ပျားရည်လေးလောင်းထားမှ ချီးကျူးစရာကောင်းတယ်လို့မြင်ကြတာ... ရှိရှိ မရှိရှိ ရိုးရိုးသားသားနေတဲ့သူကိုဆိုရင် လူရာမသွင်းချင်ကြဘူး။ ဟိတ်ကြီး ဟန်ကြီး ထုတ်ကြွားနိုင်တဲ့သူကိုမှ လူရာဝင်တယ်ထင်ကြတာ... မဟုတ်မခံပြန်ပြောတတ်တဲ့သူကိုဆိုရင် အမှန်တရားကိုမြတ်နိုးတတ်သူလို့မမြင်ကြဘူး။ မှားမှားမှန်မှန် ပြောသမျှ ငြိမ်ခံနေမှ လူလိမ္မာလို့သတ်မှတ်ကြတာ... တကယ်လိုအပ်မှ ကူညီတတ်သူကို စာနာစိတ်လေးရှိတယ်လို့မမြင်ကြဘူး။ မလိုအပ်ဘဲ နှမ်းလိုက်ဖြူးနေတဲ့သူတွေကိုမှ ယဉ်ကျေးမှုရှိတယ်လို့ မြင်တတ်ကြတာ... အပေါ်ယံကိုကြိုက်တဲ့လူတွေကြားထဲမှာ သူတို့စိတ် သူတို့သဘော မလိုက်လျောနိုင်သရွေ့ ကိုယ်တို့ဟာ ဗီလိန်တွေဖြစ်နေရဦးမယ်မဟုတ်လား.....။ #𝘾𝙧𝙚𝙙𝙞𝙩_𝙩𝙤_𝙤𝙧𝙞𝙜𝙞𝙣𝙖𝙡_𝙒𝙧𝙞𝙩𝙚𝙧 #ဗဟုသုတ

November 19, 2022 49.1K 9