အာဂယောက်ျားကြီးများ ပညာယူနိုင်ကြဖို့ပါ မနက်က အိမ်ထောင်ရေး ဟာသတခုဖတ်ရ… — အိမ်​ထောင်သည်များရင်ဖွင့်ရာ — TG.ME

👉 အာဂယောက်ျားကြီးများ ပညာယူနိုင်ကြဖို့ပါ မနက်က အိမ်ထောင်ရေး ဟာသတခုဖတ်ရ သမီးရည်းစားချင်း ကောင်မလေးက မေးနေတာ … မောင် .. ကျမတို့ အိမ်ထောင်ကျပြီးလို့ ရန်ဖြစ်ရင် လက်ပါ မှာလား .. ပါသင့် ပါရမှာပေါ့ ဘာ…. အော် …ချစ်ကလည်း .. ပါးစပ် နဲ့ ရှင်းပြလို့ မရရင် လက်အုပ်ချီ ပြော ရမှာပေါ့ တဲ့ .. ကိုယ်က ဒီဆရာ အထာလောက်တော့ ပြုံးမိနေရသေး ဒို့က မိန်းမ နဲ့ ရန်ဖြစ်ရင် ပါးစပ် မက လက် / ခြေ / မျက်စိ အကုန် ပါ ရ တာ သူ့လို မျိုး လက်အုပ်ချီပြောမှာတေ ဘာတေ ဇာတ်နာအောင် ဒရာမာ မခင်းဘူး စကားများရင် လက်ဦးမှာ နိုင်အောင် ပြောကြည့်တယ် …မရဘူး နော်.. လက်လှုပ်တော့ ..လက်က လုပ်စရာ ရှာကြံလုပ်တော့ ဥပမာ - ဘုရား သောက်တော်ရေ ကမန်းကတန်းထလဲ .. ပန်းအိုးဆေး .. မီးဖိုချောင်ထဲ တန်းလန်းရှိတာတွေ အကုန်ထဆေး .. အဝတ်တွေရုပ် ၊ ခေါက် ထိုင်ရာမထ စကားများတာ နဲ့ စာရင် တခုခုလုပ်နေမှ ကိုယ်က upper hand ရောက်တာရယ် ( negotiated compromise ချင်ရင် true action အရင်ပြ ) တခုခု ကို ဇယ်ဆက်သလို လုပ်ရင်းနဲ့ကကို စကားများတာက ပိုပြီး tense ဖြစ်လာပြီ ၊ သူ့ မျက်နှာက နီနေပြီ .. အသံ မထွက်လာဘဲ နှုတ်ခမ်းချည်း ပဲ အပေါ်-အောက် လှုပ်နေပြီ ဆိုရင်တော့ မျက်စိက ပြေးပေါက် ကို ရှာကြည့်ထား ၊ ခြေထောက်က ရယ်ဒီ နော် … ဘာလဲ မိန်းမ က အကြမ်းဖက်တော့မှာမို့ ထွက်ပြေးရသလား လို့ အထင်မလွဲနဲ့ … ငါ တ ခု ခု လုပ် မိ တော့ မယ် နော …လို့ ကြိမ်းပြီ ဆိုပါတော့ ၊ ကိုယ့် ဘာမှ မလုပ်ဘူး သူ့သူ လုပ်မယ် ပြောတာ၊ အဲ့သာ လုပ်တဲ့ အဆင့် မရောက်စေရဘူး သူ့ မျက်စိအောက်က ပြေးရမှာ .. ပြေးတာလည်း ပညာ ပါရသယ်နော် မိန်းမများ သူရို့နဲ့ စကားများနေရင်း ဖြတ်ချထွက်သွားရင် အင်နန် အခံရခက်ကြသာ အဲ့တော့ ပြေးပေါက်ရှာတယ် ဆိုတာ escape route ကို ယုတ္တိကျကျ ထွက်ရတယ် .. ဥပမာ .. တသက်လုံး က မပစ်ဘဲ ထားလို့ ရှုပ်ပွနေတဲ့ ကတ်ထူစက္ကူလို အမှိုက်အိတ်လို ဟာမျိုး ကောက်ကာ ငင်ခါ ပစ်ချင်လာတဲ့ စတိုင်နဲ့ ပေါ့ ပြီးရင် စကားများနေတဲ့ ပါးစပ်ကို တန်းပိတ်ပြီး အသံ မတိတ်လိုက်နဲ့ ခြေ တလှမ်းချင်း ဝေးအောင် သွက်သွက် လျှောက်ရင်း ကိုယ့် အသံ ကို ဖြည်းဖြည်း ချင်း တိုးလိုက် ..အာ့ဆို ရန်ဖြစ်ခြင်း အမှုဟာ ပါးစပ် ခြေ လက် မျက်စိ အားလုံး ပကတိ ငြိမ်းချမ်းခြင်း ဆီ ပြန်လည် ဆင်းသက်လာပါရော့ ….. ပျူးဝါးလိ ပါဆင်နယ် မို့ ကိုယ်တွေ့ ရှယ်ရခြင်းသာ ဖြစ်ပါတယ် စီနီယာများ ခေါင်းပေါ်ကျော်ပြီး ဆရာမလုပ်ဝံ့ပါကြောင်း 👉 စကားများရာ လက်မပါ သင်သာမှားတော့မည် ခြေ လက် မျက် စိ ၊ အမြန်ကြည့် ၊ ပီဘိ ငြိမ်းအေးမည် ။ 😁😁 Crd... to original uploader.

October 15, 2022 38.5K 4