ပြောချင်ပေမယ့် မရှင်းပြဖြစ်တော့တဲ့ စကားလုံးတွေရှိတယ် ဖြစ်ချင်ပေမယ့်… — အိမ်​ထောင်သည်များရင်ဖွင့်ရာ — TG.ME

ပြောချင်ပေမယ့်
မရှင်းပြဖြစ်တော့တဲ့ စကားလုံးတွေရှိတယ်

ဖြစ်ချင်ပေမယ့်
မေ့ထားလိုက်ရတဲ့ အိပ်မက် တချို့တွေ
ရှိတယ်

စကားတွေ
အများကြီးပြောချင်သေးပေမယ့်
အဆက်သွယ်တောင် မလုပ်ဖြစ်တော့တဲ့
လူတချို့တွေရှိတယ်

ငွေကြောင့်နဲ့လဲ မျက်နှာ ငယ်ရခဲ့ဖူးတယ်

ဘဝထဲက တချို့သော အဖြစ်ပျက်ကြောင့်
မေ့မရနိုင်တဲ့ နာကျင်ခြင်းတွေရှိတယ်

ဒီနေ့ ဒီချိန်ထိ အခက်ခဲ တွေကို
ရင်ဆိုင်နေရတုန်းပါပဲ

ဘဝဆိုတော့ ဒီလိုဘဲပေါ့နော်
ကွေ့ကောက်တဲ့ လမ်းကို
လိုက်ကွေ့လျှောက်နိုင်မှ လိုရာ ခရီးကို
ရောက်နိုင်မှာဖြစ်သလို

အခက်အခဲ တွေကို ကြံ့ကြံ့ခံနိုင်မှ
လိုချင်တဲ့ ဘဝတစ်ခုကို
ရနိုင်မယ် မဟုတ်လား..

ဒီနေ့က ခက်ခဲတယ်
မနက်ဖြန်လဲပိုခက်ခဲနိုင်တယ်
ခက်ခဲတယ် ဆိုပြီး အရှုံးမပေးရဲခဲ့ဘူး
ဒါတွေလဲ မနေ့ကလိုဘဲ
ပြီးဆုံးသွား မှာပါလေနော်

မှောင်တဲ့ညတောင်
ကျော်ဖြတ်နိုင်ရင် ဒီအခက်ခဲလဲ
ရင်ဆိုင်နိုင်ရမှာပေါ့

မုန်တိုင်းပြီးရင် လေပြေ
ဒီအခက်ခဲ ပြီးရင် အဆင်ပြေမူက
ရနိုင်တော့မှာမို့ ခက်ခဲနေပါစေ
နောင်တဆိုတာ မရှိအောင်
သတ္တိရှိရှိ ရှေ့ဆက်ပစ်လိုက်တယ်။

ကြမ်းတမ်း တဲ့ လောကဓံကို
ကြံ့ကြံ့ခံနိုင်မှ လူ့ဘဝဆိုတာ
ဖြောင့်ဖြူးတာတဲ့။

#credit
#heinwaimoe
👍76👎2
October 14, 2022 26.1K 8