ရာသီခွင် ၁၂ ပါး (၂၀၂၄) နူဝါ ဆိုတဲ့ တရုတ်နတ်ဘုရားမက ဇာမဏီငှက်ရဲ့… — Hana: Anime & Cartoons — TG.ME

ရာသီခွင် ၁၂ ပါး (၂၀၂၄)

နူဝါ ဆိုတဲ့ တရုတ်နတ်ဘုရားမက ဇာမဏီငှက်ရဲ့ စွမ်းအားကို သုံးပြီး လူသားတွေကို ဖန်ဆင်းခဲ့သည်။ အဲဒီ ဇာမဏီရဲ့ စွမ်းအားဟာ ကောင်းတဲ့လူလက်ထဲ ရောက်ရင် ဖန်တီးနိုင်စွမ်းရှိပေမဲ့ မကောင်းတဲ့လူလက်ထဲ ရောက်ရင် ဖျက်ဆီးနိုင်စွမ်းကြီးသည်။ အဲဒီ ဇာမဏီက ကျောက်တုံးတစ်ခုထဲ ရှိနေပြီး အဲဒီ ကျောက်တုံးကို အစောင့်အရှောက် လို့ ခေါ်တဲ့ လူက ကာကွယ်ရသည်။ အဲဒီ အစောင့်အရှောက် ကို ရာသီခွင်အကောင် ဆယ့်နှစ်ကောင်က ပြန်ကူညီပေးသည်။ အဲဒီ ကျောက်ကို လိုချင်နေတဲ့ မိစ္ဆာမကြီးက အစောင့်အရှောက် အဘွားကြီးနဲ့ သူ့မြေးနောက် တစ်ချိန်လုံးလိုက်နေခဲ့သည်။ ရာသီခွင် ဆယ့်နှစ်ကောင်ကလည်း သူတို့ မြေးအဘွားကို ကာကွယ်ပေးခဲ့သည်။ ကလေးကို စိတ်ပူတာမို့ သူတို့တွေ ဇာတ်မြုပ်ပြီး နေနေကြသည်။ တစ်နေ့မှာ ကလေးက သွေးထဲက ပါလာတဲ့ အစွမ်းကို ထုတ်သုံးလိုက်လို့ အဲဒီအစွမ်းကို အနံ့ခံမိသွားတဲ့ မိစ္ဆာမကြီးက သူတို့ဆီ ဆိုက်ရောက်လာခဲ့သည်။ အရမ်းအကောင်းကြီးတော့ မဟုတ်ပေမဲ့ အက်ရှင်ကားတစ်ကား၊ ကာတွန်းကားတစ်ကားအနေနဲ့တော့ မဆိုးပါဘူး။ တချို့နေရာတွေမှာ ပွိုင့်နည်းနည်းချော်နေတာကလွဲ ကြည့်လို့ကောင်း၊ ရယ်လည်း ရယ်ရပါလိမ့်မယ်။

t.me/gwmmupl/11729
❤1
September 3, 2026 91 2