ဒိုင်နိုဆောကောင်း (၂၀၁၅)
ကြည်တောက်ရှင်းမှုကို ကြိုက်နှစ်သက်တဲ့ Quality အကောင်းများအတွက်ပါ ဒီ Animation ရုပ်ရှင်လေးဟာ ကလေးတွေတင်မက၊ လူကြီးတွေလည်းကြိုက်နှစ်သက်စေပါတယ်။ ကျနော်တို့ မသိလိုက်တဲ့ ကျောက်ခေတ်မှာ ဒိုင်နိုဆောတွေဟာ သူတို့ဘာသာ အသက်ရှင်ရပ်တည်ဖို့ အသီးအရွက်စားတွေ စိုက်တယ်၊ ရိတ်သိမ်းတယ်၊ လှောင်ထားတယ်၊ နွေစာ၊ မိုးစာ၊ ဆောင်းစာသက်သက်မှတ်မှတ် သိမ်းကြပြီး အသားစား သတ္တဝါတွေကတော့ အသားစားလို့ရတဲ့ သတ္တဝါငယ်တွေကို မွေးမြူပြီး စားသောက်ကြပါတယ်။ အဲ့ဒီအချိန်မှာ လူသားတွေ ဆိုတာဒိုင်နိုဆောလောက်တောင် အသိဉာဏ်မဖွင့်ဖြိုးသေးတဲ့ ပုံစံကို ပြသထားပြီး ဒီရုပ်ရှင်ကားရဲ့ အဓိကဇာတ်ကောင် ၂ ဦးဖြစ်တဲ့ အာလို ဆိုတဲ့ ဒိုင်နိုဆောငကြောက်လေးနဲ့ သူ့ကို အမြဲလိုက်စောင့်ရှောက်ပေးတဲ့ စပေါ့ ဆိုတဲ့ လူသားပေါက်စလေးက ဇာတ်လမ်းကို အဆုံးထိ ထိုင်ရာမထစတမ်း ကြည့်ချင်အောင် စွဲဆောင်သွားပါတယ်။ ကဲ အညွှန်းကို သေချာမပြောတော့ပါဘူး၊ ကြည့်ဖူးတဲ့သူတွေလည်း ကြည့်ဖူးပြီးသားဖြစ်မှာမို့ Version အသစ်လေးနဲ့ ငြိမ့်လိုက်ကြစို့။
t.me/cartoonbynikko/304

September 3, 2026 43