နောက်ဆုံးသော ဖူးပွင့်ခြင်း (၂၀၂၆) ဒီ အန်နမီ ဇာတ်ကားသစ်လေးကတော့ တခြား… — Hana: Anime & Cartoons — TG.ME

နောက်ဆုံးသော ဖူးပွင့်ခြင်း (၂၀၂၆)

ဒီ အန်နမီ ဇာတ်ကားသစ်လေးကတော့ တခြား အန်နမီ ကားတွေလို အက်ရှင်၊ စွန့်စားခန်း ဘာညာမဟုတ်ဘဲ ဘဝသရုပ်ဖော်ဒရမ်မာကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးက ထောင်ကျနေတဲ့ ယာကူဇာဟောင်း ဘိုးတော်ကြီးတစ်ယောက်နဲ့ ထူးထူးခြားခြား လူစကားတွေပြောနေတဲ့ ဒန်းပန်းလေးကနေ စတင်ထားတာပါ။ နှစ်ဦးသား စကားတွေပြောရာကနေ ယာကူဇာဘိုးတော်ကြီးဟာ သူ့ဘဝဟောင်း၊ ဇာတ်လမ်းဟောင်းလေးတွေကို ပြန်လည်တမ်းတလွမ်းဆွတ်တဲ့အနေနဲ့ အတိတ်ကအဖြစ်အပျက်တွေတစ်လှည့်၊ သူတို့နှစ်ယောက်တစ်လှည့်နဲ့ ပုံဖော်ထားတာမျိုး ဖြစ်ပါတယ်။ ဒီယာကူဇာကြီးဟာ သူနဲ့ကိုယ်ဝန်ရထားတာမဟုတ်ဘဲ သူ့ထက်အသက်ငယ်တဲ့ သူချစ်ရတဲ့ ကောင်မလေးတစ်ယောက်ကို ကလေးနဲ့အတူ အိမ်ပေါ်ကိုခေါ်တင်ထားပြီး စောင့်ရှောက်ပေးထားပါတယ်။ အဲဒီကနေ ယာကူဇာအလုပ်တွေလုပ်ရင်းနဲ့ ဒီအကျဉ်းထောင်ထဲကို ဘယ်လိုရောက်လာသလဲဆိုတာကို သူတို့ချင်း စကားပြောရင်း အတိတ်ကိုပြန်ပြရာကနေတစ်ဆင့် ခံစားပြီး ကြည့်သွားရမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ဒီကားလေးကတော့ သာမန်ဇာတ်ကားမျိုးမဟုတ်ဘဲ လူတစ်ယောက်ရဲ့ ဘဝနေဝင်ချိန်မှာ ကျန်ရစ်တဲ့ နောင်တ၊ အချစ်နဲ့ ခွင့်လွှတ်ခြင်းတွေကို တည်တည်ငြိမ်ငြိမ်နဲ့ စိတ်ထဲစွဲကျန်အောင် တင်ဆက်ပြသသွားတာလည်း ဖြစ်ပါတယ်။ အားပေးလိုက်ကြပါဦး…။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့်
➡️  t.me/+l6iAujfRr3YwOTQ9

ဇာတ်ကားလင့်
➡️ t.me/c/3723652775/366
September 4, 2026 36