ဒီ ရုပ်ရှင်ကား ထဲမှာတော့ ဇာတ်လိုက် မင်းသမီးဟာ သူ့ရဲ့ သူငယ်ချင်းဆီက “မနက်ဖြန်ကိုရှာဖွေခြင်း” ဆိုတဲ့ ဂိမ်းခွေကို ငှားပြီး ဆော့ကြည့်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကောင်မလေးက ဂိမ်းထဲက ဇာတ်ကောင် သခင်မလေး ကာတာရီနာ အဖြစ်နဲ့ ပြန်ပြီး မွေးဖွားလာခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဂိမ်းထဲက ဇာတ်ဆောင် မင်းသား အာခီလ် ဟာ မုတ်ရက် တိုင်းပြည်ကနေ ကာတာရီနာ တို့ရှိတဲ့ ဆိုစီယာ တိုင်းပြည်ဆီကို သူတို့ဆီက ခိုးယူသွားခဲ့တဲ့ နတ်ဟင်္သာကြီးကို ပြန်ယူဖို့အတွက် တမန်တော်တွေနဲ့အတူ ရောက်လာခဲ့ပါတယ်။ မုတ်ရက် ဘုရင်ကြီးရဲ့ မျိုးဆက်တွေဟာ တိရစ္ဆာန်လေးတွေရဲ့ စိတ်ကို နားလည်ပြီး သူတို့ကို ထိန်းချုပ်နိုင်စွမ်းလည်းရှိပါတယ်။ မင်းသားလေး အာခီလ် လည်း သူပိုင်ထားတဲ့ စွမ်းရည်တွေနဲ့ တိရစ္ဆာန်လေးတွေကို ထိန်းချုပ်ပြီး နယ်လှည်ဈေးသည်အဖွဲ့နဲ့ နယ်လှည့် ပြပွဲတွေက ပြပါတော့တယ်။ ဆိုစီယာ တိုင်းပြည်က မင်းသားလေး ဂျီယော်ဒို ရဲ့ သတို့သမီးလောင်း ကာတာရီနာ ဟာ မြို့ထဲကို ထွက်ကာ အစားအသောက်တွေ၊ စာအုပ်တွေ ထွက်ဝယ်လေ့ရှိပါတယ်။ အဲဒီအချိန်မှာ နယ်လှည့်ဈေးတန်းကြီးကို မြင်တန်းသွားပြီး အာခီလ် တို့အကအဖွဲ့နဲ့ တွေ့ဆုံဖို့ ဖြစ်လာပါတော့တယ်။ တစ်ဖက်မှာလည်း အာခီလ် တို့အဖွဲ့ဟာ တမန်တော်အဖြစ်နဲ့ နန်းတော်ရဲတိုက်ထဲကို ဝင်ကာ နတ်ဟင်္သာကြီးကို ဘယ်လို ရှာဖွေဖော်ထုတ်ကြမလဲဆိုတာရယ်၊ ဂိမ်းထဲက ဖြစ်ပျက်သမျှ အကြောင်းတွေကို မှတ်မိလာတဲ့ သခင်မလေး ကာတာရီနာ နဲ့ရော ဘယ်လိုတွေ ကြုံတွေ့ရဦးမလဲဆိုတာ ကြည့်ရှုပေးကြပါဦး။
t.me/cartoonmoviesmms/3874
