Creative Coder Myanmar: post #1110 — TG.ME

ဒီ post ကို တင်ရမလား မတင်ရမလား တော်တော်လေး စဉ်းစားခဲ့ရပါတယ်။

ဘာလို့လဲဆိုတော့ ဒါက ကျနော် အရမ်း promote မလုပ်ချင်တဲ့ အရာတစ်ခုမို့ပါ။

ဒီနှစ် ကျနော့် အသက် ၂၅ နှစ်ပြည့် မွေးနေ့မှာ အမှတ်တရအနေနဲ့ CCM မှာ Founder Birthday Gift Package လေးတစ်ခု လုပ်ပေးထားပါတယ်။

ရည်ရွယ်ချက်က ရိုးရိုးလေးပါ
Web Dev field ထဲ တကယ်ဝင်ချင်ပြီး စိတ်အားထက်သန်ပေမဲ့ ငွေကြေးအခက်အခဲကြောင့် လက်လှမ်းမမီဖြစ်နေတဲ့ ကလေးတွေ ၊ မိဘတွေဘက်က ထောက်ပံ့မ်ို့ အခက်ခဲရှိတဲ့ ကလေးတွေ အတွက် လမ်းကြောင်းတစ်ခု ဖွင့်ပေးချင်လို့ပါ။

📦 Package ထဲမှာ ဘာတွေပါလဲ ? ဘာတွေရမလဲ ?

၁။ CCM Learning Platform က course အားလုံး
အခြေခံ HTML/CSS ကနေ လုပ်ငန်းခွင်ဝင်နိုင်တဲ့အထိ လိုအပ်တဲ့ Tech Stack course အကုန်လုံး ပါပါမယ်။ ပုံမှန် တန်ကြေး ၁၄ သိန်းကျော်ရှိပါတယ်။

၂။ 1-on-1 Meeting Support
လိုအပ်ရင် ဆရာနဲ့ သီးသန့် video call meeting request လုပ်နိုင်ပြီး၊ စာမေးချင်ရင် အချိန်မရွေးမေးနိုင်တဲ့ mentorship group ပါ ပါဝင်ပါတယ်။

၃။ Lifetime Access & Learning Style
ကျနော်တို့ပေးထားတဲ့ Roadmap အတိုင်း ကိုယ့်အရှိန်နဲ့ကိုယ် ဖြေးဖြေးလိုက်လုပ်လို့ရပါတယ်။ မရတာရှိရင် မေးမယ်၊ လိုအပ်ရင် 1 on 1 meeting request လုပ်မယ်။ ဒီလောက်ပါပဲ။

ကျတော် ဒီဟာတွေ အကုန်အတွက် ဈေးနှုန်း ကို ၃ သိန်းပဲ သတ်မှတ်ထားပါတယ်။

အမှန်အတိုင်းပြောရရင် ဒီပိုက်ဆံကို ကျနော် လိုချင်လို့မဟုတ်ပါဘူး။ Free လုပ်ချလိုက်ရင် လူအများကြီး ရောက်လာပြီး Value ပျောက်သွားမှာစိုးလို့ပါ။ ကျနော် အချိန် ၅ နှစ်လောက်ထိ ပေးပြီး အစ အဆုံး တည်ဆောက်ထားတဲ့ အရာမို့ တန်ဖိုးထားလို့ပါဗျ။

တကယ်လုပ်ချင်စိတ်ရှိတဲ့သူတွေကို စစ်ထုတ်ဖို့နဲ့ အဆင်မပြေသူတိုင်း လက်လှမ်းမီနိုင်တဲ့ ဈေးတစ်ခုဖြစ်ဖို့ အခုလိုချပေးထားတာဖြစ်ပါတယ်။

ဒီ Package လေးက
မနက်ဖြန်ညက နောက်ဆုံးညဖြစ်ပါတယ်။
နောက်တစ်ကြိမ် လုံးဝ လုံးဝ ထပ်မရှိတော့ပါဘူး။

တကယ်ဖြစ်ချင်စိတ်ရှိပြီး supporting မရတဲ့သူတွေအတွက်ပါ

ပြန်ရောင်းစားဖို့ ရည်ရွယ်သူတွေ၊ ဝယ်ထားရုံသာဝယ်ပြီး မလေ့လာချင်တဲ့သူတွေအတွက်တော့ မဟုတ်ပါဘူး။

နောက်ဆုံး request တစ်ခုလုပ်ချင်တာလေးကတော့ ကိုယ်က ငွေကြေးအဆင်ပြေတယ်ဆိုရင် အဆင်မပြေတဲ့ ညီလေးညီမလေးတွေအတွက် နေရာချန်ပေးကြပါလို့ မေတ္တာရပ်ခံပါရစေဗျ။

တကယ်လိုချင်၊ ဖြစ်ချင်စိတ်ရှိရင် တော့ လာခဲ့ပါ။ FB page messenger ဖြစ်ဖြစ် ကျနော်အကောင့်မှာဖြစ်ဖြစ် Birthday လို့ပို့ပေးပါ။

ငွေကြေးအခက်အခဲရှိလို့ အမှန်တကယ်လေ့လာချင်တဲ့သူဆိုရင်လည်း အားမနာဘဲ လာပြောကြည့်ပါ။ တတ်နိုင်သလောက် အဆင်ပြေအောင် ကူညီစဉ်းစားပေးပါမယ်။အချိန်ပေးဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။

ဒီအခွင့်အရေးလေးက တကယ်လိုအပ်တဲ့သူတစ်ယောက်ဆီ ရောက်သွားမယ်လို့ မျှော်လင့်ပါတယ်။ ❤️🙏
❤13👍1
July 6, 2026 767 1 3