Developer ဖြစ်ချင်တဲ့သူအများစု ကြုံရတာက သင်တန်းတက်ပြီးတဲ့နောက် “တကယ်တတ်လာပြီလား?” ဆိုတဲ့ မေးခွန်းပါ။ သင်ခန်းစာတွေပြီးသွားပေမယ့် လက်တွေ့လုပ်နိုင်သေးလား၊ Project တစ်ခုကို ကိုယ်တိုင်တည်ဆောက်နိုင်ပြီလားဆိုတာမှာတော့ မသေချာသေးတဲ့အခြေအနေတွေ များပါတယ်။
Creative Coder မှာတော့ အဲ့ဒီလို မဖြစ်စေဖို့ “တတ်မြောက်မှု” ကိုပဲ အဓိကထားပြီး သင်ကြားပေးပါတယ်။ Learning Platform တင်မကဘဲ Zoom Live Class တွေနဲ့ပါ လက်တွေ့နဲ့ နီးစပ်အောင် သင်ယူနိုင်ဖို့ စီစဉ်ထားပါတယ်။ သင်ခန်းစာတိုင်းကို နားလည်အောင် step-by-step ရှင်းပြပေးတာကြောင့် စာသင်ရတာ မရှုပ်မထွေးပဲ သေချာလေး တက်လာနိုင်ပါတယ်။
Creative Coder ရဲ့ အထူး Service တွေကြောင့် သင်ယူတဲ့အချိန်မှာလည်း စိတ်ပူစရာမလိုပါဘူး—
✔️ Zoom Class ဖြစ်လို့ ဘယ်နေရာကမဆို အဆင်ပြေပြေ တက်ရောက်နိုင်ပါတယ်
✔️ သင်ခန်းစာတိုင်းကို Recording အပြည့်အစုံ ပြန်ကြည့်နိုင်တဲ့အတွက် မလိုက်နိုင်တာတွေကို ပြန်လည်လေ့လာနိုင်ပါတယ်
✔️ နားမလည်တာတွေရှိရင် ဆရာနဲ့ One-on-One Meeting တောင်းပြီး တိုက်ရိုက်မေးမြန်းနိုင်ပါတယ်
✔️ အရေးကြီးဆုံးကတော့—အကြောင်းအမျိုးမျိုးကြောင့် မတက်ဖြစ်ခဲ့ရင်၊ ဒါမှမဟုတ် စာမလိုက်နိုင်ခဲ့ရင် နောက်ဖွင့်မယ့် Batch တွေမှာ အခမဲ့ ပြန်လည်တက်ရောက်ခွင့် ရှိပါတယ်
ဒါကြောင့် သင်တန်းတက်ရင်း “မလိုက်နိုင်ရင် ဘယ်လိုလုပ်မလဲ?” ဆိုတဲ့ စိုးရိမ်မှုမရှိတော့ဘဲ စိတ်အေးချမ်းသာစွာနဲ့ အဆုံးထိ လေ့လာနိုင်ပါတယ်။
တကယ်တမ်း Developer တစ်ယောက်ဖြစ်ဖို့ အရေးကြီးတာက သင်တန်းတက်ပြီးသွားတာမဟုတ်ဘဲ “တကယ်တတ်မြောက်လာတာ” ဖြစ်ပါတယ်။ Creative Coder မှာတော့ အဲ့ဒီရလဒ်ကို ရောက်အောင် အပြည့်အဝ ကူညီပေးထားပါတယ်။ 🚀 #creative_coder_myanmar
3May 6, 2026 1K