Creative Coder Myanmar: post #1108 — TG.ME

ကျွန်တော် Creative Coder မှာ စာစသင်ခဲ့တာ အခုဆိုရင် ၇ နှစ်နီးပါး ရှိလာခဲ့ပါပြီ။❤️

အဲ့ဒီတုန်းက ကျွန်တော်လည်း
ကျောင်းသားတစ်ယောက်လိုပဲ
Coding ကို စိတ်ဝင်စားပြီး
တကယ်တမ်း သင်ယူနေတဲ့သူတစ်ယောက်ပါ။

နောက်ပိုင်းတော့
Freelance အလုပ်တွေ လုပ်ခဲ့တယ်။
Foreign Company တွေမှာ အလုပ်လုပ်ခဲ့တယ်။
Project တွေ ရေးခဲ့တယ်။

ဒီလိုနဲ့
ကိုယ်သိထားတဲ့ အတွေ့အကြုံတွေကို
ပြန်မျှဝေချင်တဲ့စိတ်ကနေ
Creative Coder ကို စတင်ဖြစ်ခဲ့ပါတယ်။

ရိုးရိုးသားသား ပြောရရင်
Creative Coder ကို ဒီနေ့ထိ ရောက်လာမယ်လို့
ကျွန်တော်ကိုယ်တိုင်တောင် မထင်ခဲ့ဘူး။

ဒီခရီးတလျှောက်မှာ
ကျောင်းသား ထောင်ချီပြီး သင်ပေးခွင့်ရခဲ့တယ်။
အလုပ်အကိုင်ရသွားတဲ့သူတွေ ရှိလာတယ်။
ဘဝလမ်းကြောင်း ပြောင်းလဲသွားတဲ့သူတွေလည်း ရှိလာတယ်။

ဒါတွေအားလုံးက
ကျွန်တော်တစ်ယောက်တည်းကြောင့် မဟုတ်ပါဘူး။

Creative Coder ကို ယုံကြည်ပြီး
အမြဲ Support ပေးခဲ့ကြတဲ့
ကျောင်းသားတွေ၊ Community & Team Members တွေကြောင့်ပါ။ ❤️

လာမယ့် June 20 ရက်နေ့က
ကျွန်တော့်အတွက် အထူးနေ့တစ်နေ့ ဖြစ်သလို
Creative Coder Community အတွက်လည်း
ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့
တစ်ခုခု အထူးအစီအစဉ် ပြင်ဆင်ထားပါတယ်။ 🎂

June 20 မှာ ပြန်တွေ့ကြမယ်ဗျာ ❤️

#creativecoder #softwaredevelopment #coding
❤22
June 18, 2026 778 2