AI နည်းပညာတွေကို အသုံးပြုနေပေမယ့် အရင်ကထက် အလုပ်ပိုမမြန်လာဘူးလို့ ခံစားနေရရင် ဒါဟာ Tool ကြောင့်မဟုတ်ဘဲ Workflow မရှိသေးတာကြောင့် ဖြစ်နိုင်ပါတယ်။ AI ကို တကယ့် အသုံးချပြီး အလုပ်တွေ ပိုတွင်ကျယ်လာစေဖို့ ဒီနည်းလမ်းလေးတွေကို စတင်ကြည့်ဖို့ အကြံပြုချင်ပါတယ် 👇
ပထမဆုံးအနေနဲ့ ပြဿနာကို ရှင်းရှင်းလင်းလင်း သတ်မှတ်ဖို့ လိုပါတယ်။ "ကုဒ်ရေးပေးပါ" လို့ ရိုးရိုးလေး ခိုင်းမယ့်အစား ကိုယ်တကယ် ဘာလုပ်ချင်တာလဲဆိုတဲ့ အချက်အလက် ကို သေချာပြောပြပါ။ ဥပမာ - အချက်အလက်တွေကို ဘယ်လို စစ်ထုတ်ချင်တာလဲ ဒါမှမဟုတ် အမှားတွေကို ဘယ်လို ကိုင်တွယ်ချင်တာလဲ စသဖြင့် အသေးစိတ် ပြောပြပါ။ AI က အကြောင်းအရာကို ပိုသိလေလေ၊ ပိုကောင်းတဲ့ ရလဒ်တွေ ထွက်လာလေလေပါပဲ။
နောက်တစ်ချက်ကတော့ အလုပ်တွေကို အဆင့်လိုက် ခွဲလုပ်ဖို့ပါ။ လုပ်ဆောင်ချက်တစ်ခုလုံးကို တစ်ခါတည်း ခိုင်းမယ့်အစား UI၊ Logic API နဲ့ Testing ဆိုပြီး အပိုင်းလိုက်ခွဲပြီး လုပ်ပါ။ ဒါမှသာ လုပ်ငန်းစဉ်တစ်ခုလုံးကို ကိုယ်ကိုယ်တိုင် သေချာ ထိန်းကျောင်းနိုင်မှာပါ။
ဒါ့အပြင် AI ကို ကုဒ်ထုတ်ခိုင်းပြီးရုံနဲ့ မရပ်ဘဲ "ဒီကုဒ်မှာ ဘာတွေ ပြဿနာရှိနိုင်မလဲ" ဒါမှမဟုတ် "ပိုကောင်းအောင် ဘယ်လိုပြင်မလဲ" ဆိုတာမျိုး ပြန်မေးကြည့်ပါ။ ဒါက ကိုယ့်ရဲ့ သင်ယူမှုနှုန်းကိုလည်း ပိုမို မြန်ဆန်စေပါတယ်။ Debugging မှာလည်း AI ကို ရှင်းပြခိုင်းတာ၊ ဘာကြောင့် ဖြစ်တာလဲဆိုတာကို မေးတာမျိုးတွေ လုပ်ပြီး အဖြေရှာနိုင်ပါတယ်။
တကယ်တော့ AI Workflow ဆိုတာ ကိရိယာတွေကို သိရုံတင်မဟုတ်ဘဲ ဘယ်နေရာမှာ ဘယ်လို အသုံးချရမလဲဆိုတာကို သိတာပါ။ ဒီစွမ်းရည် ရှိလာရင် ကိုယ့်ရဲ့ အလုပ်ပြီးမြောက်မှုနှုန်းနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းတွေက တခြားသူတွေထက် အများကြီး သာလွန်သွားမှာပါ။
ဒီလို စနစ်တကျ အသုံးချနည်းတွေကို လက်တွေ့ Project တွေနဲ့အတူ တစ်ဆင့်ချင်းစီ လေ့လာချင်တယ်ဆိုရင်တော့ ကျနော်တို့ရဲ့ AI Fullstack Development Bootcamp မှာ အတူတူ လေ့လာဖို့ ဖိတ်ခေါ်ချင်ပါတယ်။ မေလ (၅) ရက်နေ့မှာ အတန်းစတင်မှာဖြစ်ပြီး လက်ရှိမှာ တက်ရောက်ဖို့ နေရာအနည်းငယ်သာ ကျန်ပါတော့တယ်။
📩 စိတ်ဝင်စားလို့ အသေးစိတ် စုံစမ်းချင်တယ်ဆိုရင်တော့ -
Messenger မှာ “AI Bootcamp” လို့ ပို့ပြီး အခုပဲ မေးမြန်းနိုင်ပါပြီ။
#creative_coder_myanmar
1May 1, 2026 856 2