App တစ်ခုကို ရေးတတ်ရုံ၊ Build လုပ်တတ်ရုံနဲ့တင် Production Level ရောက်သွားပြီလို့ ပြောလို့မရသေးပါဘူး။ UI တွေ ဘယ်လောက်လှလှ၊ Feature တွေ ဘယ်လောက်ပဲ စုံစုံ... တကယ်တမ်း အရေးကြီးတာက လူတွေ တကယ်အသုံးပြုတဲ့အခါမှာ အဆင်ပြေပြေနဲ့ တည်တည်ငြိမ်ငြိမ် အလုပ်လုပ်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ Project တစ်ခုကနေ တကယ့် Product တစ်ခုအဖြစ် ပြောင်းလဲဖို့ဆိုရင် နောက်ကွယ်မှာ သေချာပြင်ဆင်ထားရမယ့် အချက် ၅ ချက် ရှိပါတယ် 👇
(Authentication & Authorization)
ပထမဆုံးအနေနဲ့ User တွေကို ခွဲခြားသိနိုင်တဲ့ Login System တစ်ခု ရှိဖို့ လိုပါတယ်။ ဒါတင်မကဘဲ ဘယ်သူက ဘာတွေလုပ်ခွင့်ရှိလဲ (ဥပမာ - Admin လား၊ ရိုးရိုး User လား) ဆိုတဲ့ ခွင့်ပြုချက်တွေကိုလည်း သေသေချာချာ သတ်မှတ်ထားရပါမယ်။ ဒါမှသာ App ထဲက အချက်အလက်တွေဟာ ဘေးကင်းလုံခြုံမှာ ဖြစ်ပါတယ်။
(Error Handling & Feedback)
Error မရှိတဲ့ App ဆိုတာ မရှိပါဘူး။ ဒါပေမဲ့ Error တက်လာတဲ့အခါမှာ User ကို ဘာဖြစ်နေမှန်း မသိအောင် ထားလိုက်တာမျိုးက User Experience ကို အဆိုးရွားဆုံး ထိခိုက်စေပါတယ်။ "တစ်ခုခုမှားယွင်းနေသည်" ဆိုတဲ့ စာသားမျိုးထက် ဘာကြောင့်ဖြစ်တာလဲဆိုတာကို နားလည်လွယ်တဲ့ Message မျိုးနဲ့ ပြပေးနိုင်ဖို့ လိုပါတယ်။
(Data Validation)
User ဆီက ရလာတဲ့ အချက်အလက်တွေကို Frontend ရော Backend မှာပါ သေချာစစ်ဆေးရပါမယ်။ မစစ်ဆေးဘဲ Database ထဲ ထည့်လိုက်မယ်ဆိုရင် အချက်အလက်တွေ မှားယွင်းတာ၊ Data Quality ပျက်စီးတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် Input တိုင်းကို စနစ်တကျ စစ်ဆေးတဲ့ အလေ့အကျင့်က မရှိမဖြစ် လိုအပ်ပါတယ်။
(Performance Optimization)
App တစ်ခု ဘယ်လောက်ပဲ ကောင်းကောင်း၊ အလုပ်လုပ်တာ နှေးနေရင် User တွေက စောင့်မှာ မဟုတ်ပါဘူး။ ပုံတွေကို ပေါ့အောင်လုပ်တာ၊ API တွေကို အမြန်ဆုံး အလုပ်လုပ်နိုင်အောင် ဆောက်တာတွေက Feature တစ်ခုလိုပဲ အရေးကြီးပါတယ်။ စွမ်းဆောင်ရည် ကောင်းမွန်မှသာ အသုံးပြုသူတွေ စိတ်ကျေနပ်မှု ရမှာပါ။
(Logging & Monitoring)
App က Production Level ရောက်သွားပြီဆိုရင် Error တွေကို Console မှာ ကြည့်ရုံနဲ့ မရတော့ပါဘူး။ ဘယ်နေရာမှာ ဘာတွေ မှားယွင်းနေလဲ၊ User တွေ ဘယ်လို သုံးနေလဲဆိုတာကို အမြဲတမ်း ခြေရာခံ စောင့်ကြည့်နိုင်မယ့် စနစ်တစ်ခု ရှိရပါမယ်။ ဒါမှသာ ပြဿနာ တစ်ခုခု တက်လာရင် အမြန်ဆုံး ရှာဖွေပြီး ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။
Production-Ready Product တစ်ခုဆိုတာ Feature တွေ အများကြီး စုပြုံနေတာမျိုး မဟုတ်ပါဘူး။ တည်ငြိမ်မှုရှိမယ်၊ လုံခြုံမယ်၊ ပြီးတော့ အသုံးပြုရတာ လွယ်ကူချောမွေ့မယ်ဆိုရင် ဒါဟာ တကယ့် Product ကောင်းတစ်ခုပါပဲ။
💬 ကိုယ်ကိုယ်တိုင် Build လုပ်ဖူးတဲ့ Project ထဲမှာရော အထက်က ၅ ချက်ထဲက ဘယ်အချက်တွေ လိုနေသေးလဲ? ဆွေးနွေးသွားကြပါဦးခင်ဗျာ။ 😄 #creative_coder_myanmar
4April 21, 2026 529 1 2