ချိတ်-The Hook: post #179 — TG.ME

ချိတ်-The HookPhoto
ဒုတိယအရေးအကြီးဆုံးအချက်ကတော့ မရှိမဖြစ် Essays တွေပဲဖြစ်ပါတယ်။ အက်ဆေးတွေက ကိုယ်ပိုင်နည်း၊ ကိုယ်ပိုင်ဟန်နဲ့ ကိုယ်ပိုင်အတွေးတွေကို သုံးပြီး Admissions Team တွေဆီ တိုက်ရိုက်ဆက်သွယ်လို့ရနိုင်တဲ့ တယ်လီဖုန်းလေးတွေလို့ တင်စားလို့ရပါမယ်။ ကျောင်းတော်တော်များများက "Why us" ဆိုတဲ့ သူတို့ကျောင်းကို ဘာလို့ရွေးရသလဲဆိုတာနဲ့ “Why this major” ဆိုတာတွေကို ရေးခိုင်းလေ့ရှိပါတယ်။ အဲ့အခါမှာ ကိုယ်က ဒီအခွင့်အရေးကို အသုံးချပြီး ဒီကျောင်းကို၊ မေဂျာကို ဘာလို့ရွေးရသလဲဆိုတဲ့ စိတ်အားထက်သန်မှုကို သက်သေပြနိုင်ဖို့ရာအတွက် အခွင့်ကောင်းတစ်ခုပါပဲ။

𝖳𝗂𝗉𝗌:

⋄ “Why us” essay တွေရေးတဲ့အခါ - ကိုယ်လျှောက်ဖို့လျာထားတဲ့ကျောင်းကနေ Offer ပေးတဲ့ Academic Programs တွေ Personal Development Oppurtunies စတာတွေကို နှိုက်နှိုက်ချွတ်ချွတ် Research လုပ်ထားတတ်ဖို့လိုပါမယ်။

⋄ “Why this major” essay တွေရေးတဲ့အခါ - ဒီတက္ကသိုလ်မှာ ဒီမေဂျာက ကောင်းလို့၊ နာမည်ကြီးလို့ လျှောက်တာပါဆိုတာထက် ကိုယ်က ဘယ်လိုအကြောင်းအရာတွေကို သင်ယူရတာသဘောတွေ့ မနောခွေ့လို့၊ ဘယ်လိုမျိုး Goal တွေရှိလို့ပါဆိုပြီး ပြောပြတတ်ဖို့လည်း လိုပါဦးမယ်။

နောက်ဆုံးတစ်ချက်ကတော့ ကျောင်းဘက်ကနေ Next Step အနေနဲ့ Interview ဖြေဖို့ ကမ်းလှမ်းလာခဲ့ရင် (ဒီနေရာမှာ တချို့ကျောင်းတွေက Interview တွေကို Optional အနေနဲ့သတ်မှတ်ထားပေမယ့်လို့ ကိုယ်ရဲ့ Enthusiasm ကို ချပြဖို့ဆိုရင်) Interview ကို Accept လိုက်ခြင်းက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ Interview ဖြေပြီး Q & A session ရောက်လို့ ကျောင်းနဲ့ပတ်သက်ပြီး ကိုယ်မေးချင်တဲ့မေးခွန်းကို မေးခိုင်းတဲ့အခါ ကိုယ်လျှောက်တဲ့ Institution အကြောင်းကို သေချာ Research လုပ်ထားပြီး မေးခွန်းကို သေချာပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။

𝐁𝐢𝐭𝐬 & 𝐏𝐢𝐞𝐜𝐞𝐬

အစပိုင်းမှာ ပြောပြခဲ့သလိုပဲ ကျောင်းအများစုကတော့ Demonstrated Interest ကို အရေးကြီးတဲ့ Factor တစ်ခုအနေနဲ့ ထည့်သွင်းမစဉ်းစားပေမယ့်လို့ Lehigh University ကတော့ Important အနေနဲ့ သတ်မှတ်ထားပါ‌တယ်။ ဒီတော့ ကိုယ်လျှောက်မယ့်ကျောင်းက “Level of applicant's interest” လို့ခေါ်တဲ့ Demonstrated Interest ကို Not Considered, Considered, Important, or Very Important ဆိုပြီး ဘယ်လို သတ်မှတ်ထားသလဲဆိုတာကို သိဖို့အတွက် သက်ဆိုင်ရာကျောင်းရဲ့ သက်ဆိုင်ရာ CDS မှာ ရှာဖွေကြည့်လို့ရပါတယ်။

Common Data Set ဆိုတာ ဘာလဲ မသိသေးသူတွေအတွက်

https://www.facebook.com/share/p/jaeG7UMeWBLeAAUs/?mibextid=oFDknk

ကဲ ဒါဆိုရင် ကျောင်းလျှောက်တဲ့အခါမှာ Demonstrated Interest ကို သေချာ ပြနိုင်ပြီး မိမိတက်ချင်တဲ့ ကျောင်းတွေကနေ ၀င်ခွင့်တွေတသီကြီးရလို့ အဆင်ပြေချောမွေ့ကြပါစေ ဆုတောင်းရင်း..👩🏻‍🎓

Chate your dreams 🪝
ချိတ် - The Hook

Content Writer - Wai Hnin Paing
Graphic Designer - Thu San Htet
Facebook
Log in or sign up to view
See posts, photos and more on Facebook.
❤3
August 9, 2024 390 2