အခွင့်အရေးတိုင်းက ကိုယ့်အတွက် မဟုတ်ဘူး။ Engineer to Entrepreneur |… — BTech Tin Ko Ko — TG.ME

အခွင့်အရေးတိုင်းက ကိုယ့်အတွက် မဟုတ်ဘူး။
Engineer to Entrepreneur | Episode #038

Company တစ်ခု စလုပ်ပြီးနောက်မှာ
အရင်ကထက်
အခွင့်အရေးတွေ ပိုမြင်လာတယ်။
ဒီလုပ်ငန်းလည်း လုပ်လို့ရမယ်။
ဟို Service လည်း ထပ်ပေးလို့ရမယ်။
ဒီလူနဲ့ ပူးပေါင်းရင် ကောင်းမယ်။
ဟို Project ကလည်း စိတ်ဝင်စားစရာကောင်းတယ်။
စီးပွားရေးလုပ်လာတာနဲ့အမျှ
လုပ်လို့ရတဲ့အရာတွေက တဖြည်းဖြည်း များလာတယ်။

အစပိုင်းမှာတော့
အခွင့်အရေးတစ်ခု တွေ့တိုင်း ရအောင်ယူချင်တယ်။
ဘာလို့လဲဆိုတော့
ကိုယ့်အတွက် ဘယ်အခွင့်အရေးက
တကယ်ကြီးမားသွားမလဲ မသိဘူးလေ။

ဒါကြောင့်
လုပ်နိုင်သလောက် လုပ်တယ်။
ကိုယ်မသိတာရှိရင် လေ့လာတယ်။
အသစ်တွေ စမ်းတယ်။
တစ်ဖက်ကကြည့်ရင်
အဲဒီလို စမ်းသပ်ခဲ့တာတွေကြောင့်ပဲ
အတွေ့အကြုံတွေ ရလာခဲ့တာပါ။

ဒါပေမယ့်
အချိန်တစ်ခု ရောက်လာတော့
ပြဿနာတစ်ခုကို သတိထားမိတယ်။
အလုပ်တွေ များလာပေမယ့်
ကိုယ့်အာရုံစိုက်မှုက ပြန့်ကျဲလာတယ်။
တစ်ခုလုပ်နေတုန်း
နောက်တစ်ခုက ဝင်လာတယ်။
အဲဒီတစ်ခုကို လိုက်လုပ်ရင်း
မူလအလုပ်က နောက်ကျသွားတယ်။
Idea အသစ်တစ်ခု ပေါ်လာရင်
အရင် Idea ကို မပြီးသေးဘဲ
အသစ်တစ်ခု ထပ်စချင်လာတယ်။

ကိုယ်က တစ်နေ့လုံး အလုပ်လုပ်နေတာပဲ။
ဒါပေမယ့်
တကယ်အရေးကြီးတဲ့အရာ
ဘာတစ်ခု ပြီးသွားလဲဆိုတော့
ပြောဖို့ခက်လာတယ်။

အဲဒီမှာမှ နားလည်လာတယ်။
အလုပ်များတာနဲ့ တိုးတက်နေတာ မတူဘူး။
Opportunity များတာနဲ့
Business ကောင်းနေတာလည်း မတူဘူး။
အခွင့်အရေးတစ်ခုကို YES ပြောလိုက်တိုင်း
ကိုယ့်အချိန်ထဲက တစ်စိတ်တစ်ပိုင်း ပေးလိုက်ရတယ်။

ကိုယ့်ငွေကြေးထဲက တစ်စိတ်တစ်ပိုင်း
ပေးလိုက်ရတယ်။
Team ရဲ့ Energy ကိုလည်း သုံးလိုက်ရတယ်။

အရေးအကြီးဆုံးက
အဲဒီအချိန်မှာ လုပ်နိုင်မယ့် တခြားအရာတစ်ခုကို
စွန့်လိုက်ရတယ်။
ဒါကြောင့် နောက်ပိုင်းမှာ
ဒီဟာ လုပ်လို့ရလား?
ဆိုတာထက်
ဒီဟာကို အခုလုပ်သင့်လား?
ဆိုတာ ပိုမေးဖြစ်လာတယ်။

လုပ်လို့ရတယ်ဆိုတိုင်း မလုပ်တော့ဘူး။
ဝင်ငွေရနိုင်တယ်ဆိုတိုင်း မလုပ်တော့ဘူး။
လူတစ်ယောက်က အကြံပေးတိုင်း
ချက်ချင်းမစတော့ဘူး။
ကိုယ်သွားချင်တဲ့ Direction နဲ့ ကိုက်လား?
ကိုယ့်မှာရှိတဲ့ Resource နဲ့ ကိုက်လား?
လက်ရှိလုပ်နေတဲ့အရာကို ပိုကောင်းစေမလား?
ပြန်စဉ်းစားလာတယ်။

Engineer ဘဝတုန်းက
Structure တစ်ခု Design လုပ်တဲ့အခါ
Load Path ကို ရှင်းအောင်လုပ်ရတယ်။
Business မှာလည်း အတူတူပဲ။
ကိုယ့်ရဲ့ အချိန်၊ ငွေနဲ့ Energy တွေ
ဘယ်ကိုစီးဆင်းနေလဲ ရှင်းဖို့လိုတယ်။

အခု ပြန်ကြည့်တော့
ကျွန်တော် လုပ်ခဲ့တဲ့အရာတွေထက်
မလုပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့အရာတွေကပါ
ကျွန်တော့်လမ်းကြောင်းကို ပုံဖော်ပေးခဲ့ပါတယ်။
အခွင့်အရေးတွေ ရှာတတ်တာက အရေးကြီးတယ်။
ဒါပေမယ့်
ကိုယ့်အတွက် မဟုတ်တဲ့ အခွင့်အရေးတစ်ခုကို
လွှတ်ချလိုက်တာလည်း အရေးကြီးပါတယ်။

Tin Ko Ko
(KSI Engineering)

Ads

မြို့ပြအင်ဂျင်နီယာ သင်တန်းများ
https://ksi.civilengr.org

-

ဆောက်လုပ်ရေးဆိုင်ရာ အကြံပေး ဝန်ဆောင်မှုများ
http://deltabe.com/?page_id=1181

-

အနာဂတ်အတွက် Wealth Building, Financial Freedom နဲ့ Passive Income တည်ဆောက်လိုသူများအတွက် Stock Investment & Financial Literacy သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။

အသေးစိတ်လေ့လာရန်
https://deltabe.com/?page_id=1353

-
❤5👍1
August 23, 2026 1.5K 1