ပြိုင်ဘက်ကို လိုက်ကြည့်ရင်း ကိုယ်သွားမယ့် လမ်းကြောင်းကို… — BTech Tin Ko Ko — TG.ME

ပြိုင်ဘက်ကို လိုက်ကြည့်ရင်း ကိုယ်သွားမယ့် လမ်းကြောင်းကို မပျောက်စေနဲ့။ Engineer to Entrepreneur | Episode #045 လုပ်ငန်းစလုပ်ခါစမှာ ကိုယ်နဲ့လုပ်ငန်းတူတဲ့သူတွေကို မကြာခဏ စောင့်ကြည့်ဖြစ်တယ်။ သူတို့ ဘာတွေလုပ်နေလဲ? ဘယ်လို Marketing လုပ်နေလဲ? ဘယ်ဈေးနဲ့ ရောင်းနေလဲ? ဘယ်လို Service အသစ်တွေ ထုတ်နေလဲ? သူတို့အလုပ်တွေ ကောင်းနေတာမြင်ရင် ငါတို့လည်း ဒီလိုလုပ်သင့်လား? လို့ စဉ်းစားမိတယ်။ တစ်ဖက်မှာလည်း ကိုယ်လုပ်တာတစ်ခုခုကို တခြားသူတွေ လိုက်လုပ်လာတာမြင်ရင် စိတ်ထဲမှာ တစ်မျိုးဖြစ်မိတတ်တယ်။ ဒါတွေက Business လုပ်ရင် ရှောင်လို့မရတဲ့အရာတွေပါ။ ဒါပေမယ့် လုပ်ငန်းတွေလုပ်လာတာ ကြာလာတော့ တစ်ခု သတိထားမိလာတယ်။ ပြိုင်ဘက်ကို စောင့်ကြည့်တာက အသုံးဝင်တယ်။ ပြိုင်ဘက်ကိုပဲ စောင့်ကြည့်နေတာကတော့ အန္တရာယ်ရှိတယ်။ သူတို့ ဈေးလျှော့လို့ ကိုယ်လည်း ဈေးလိုက်လျှော့တယ်။ သူတို့ Service အသစ်ထုတ်လို့ ကိုယ်လည်း လိုက်ထုတ်တယ်။ သူတို့ Promotion လုပ်လို့ ကိုယ်လည်း Promotion လိုက်လုပ်တယ်။ ဒီလိုနဲ့ ကိုယ်က Business လုပ်နေတာထက် တခြားသူတွေရဲ့ Business ကို Reaction ပြန်ပေးနေရတဲ့သူ ဖြစ်လာနိုင်တယ်။ တစ်ချိန်မှာတော့ ကိုယ့်ကိုယ်ကို မေးဖြစ်လာတယ်။ ငါတို့က သူတို့ကို ကျော်ဖို့ ကြိုးစားနေတာလား၊ ကိုယ့် Customer အတွက် ပိုကောင်းလာဖို့ ကြိုးစားနေတာလား? မေးခွန်းနှစ်ခုက တူသလိုထင်ရပေမယ့် အဖြေက တော်တော်ကွာတယ်။ ပြိုင်ဘက်ကိုပဲ ကြည့်ရင် သူတို့ထက် ဈေးနည်းဖို့ ကြိုးစားမယ်။ သူတို့ထက် Feature ပိုများဖို့ ကြိုးစားမယ်။ သူတို့လုပ်တာထက် တစ်ခုခုပိုလုပ်ဖို့ ကြိုးစားမယ်။ Customer ကို ကြည့်ရင်တော့ သူတို့ တကယ်ဘာလိုနေလဲ? ဘာအခက်အခဲရှိနေလဲ? ကိုယ်ပေးနေတဲ့ Service မှာ ဘာတွေ မလုံလောက်သေးလဲ? ဘာကို ပိုလွယ်အောင် လုပ်ပေးနိုင်လဲ? ဘာတန်ဖိုးကို ပိုပေးနိုင်လဲ? ဆိုတာ စဉ်းစားဖြစ်လာတယ်။ အဲဒီအချိန်ကစပြီး Competitor တွေကို လုံးဝမကြည့်တော့တာ မဟုတ်ဘူး။ ကြည့်တယ်။ လေ့လာတယ်။ Market ဘယ်ကိုသွားနေလဲ သိအောင်လုပ်တယ်။ ဒါပေမယ့် ကိုယ့် Direction ကို သူတို့ဆုံးဖြတ်ခွင့် မပေးတော့ဘူး။ ဒီ Lesson ကို Engineering ဘဝနဲ့ ပြန်နှိုင်းကြည့်မိတယ်။ Building တစ်လုံး Design လုပ်တဲ့အခါ ဘေးက Building ရဲ့ Column Size ကိုကြည့်ပြီး ကိုယ့် Building ကို လိုက် Design လုပ်လို့မရဘူး။ Load မတူဘူး။ Span မတူဘူး။ Soil Condition မတူဘူး။ အသုံးပြုပုံလည်း မတူနိုင်ဘူး။ ပုံစံတူတယ်ဆိုပြီး Design တူရမယ်လို့ မဆိုလိုဘူး။ Business မှာလည်း အတူတူပဲ။ တခြား Company တစ်ခုအတွက် အောင်မြင်နေတဲ့ Strategy တစ်ခုက ကိုယ့်အတွက် မှန်ချင်မှ မှန်မယ်။ ဘာလို့လဲဆိုတော့ Customer မတူဘူး။ Resource မတူဘူး။ အားသာချက် မတူဘူး။ အရေးအကြီးဆုံးက ကိုယ်သွားချင်တဲ့နေရာ မတူနိုင်ဘူး။ နောက်ပိုင်းမှာတော့ ပြိုင်ဘက်ထက် ကိုယ့်လုပ်ငန်းကို မနေ့ကထက် ဒီနေ့မှာ ပိုကောင်းလာဖို့ကို ပိုစိတ်ဝင်စားလာတယ်။ Customer ကို ပိုကောင်းအောင် ဝန်ဆောင်မှုပေးနိုင်လား? Quality ပိုကောင်းလာလား? Team ပိုတိုးတက်လာလား? ကိုယ်ပေးနိုင်တဲ့ Value ပိုများလာလား? ဒါတွေကို ပိုကြည့်ဖြစ်လာတယ်။ ဘာလို့လဲဆိုတော့ Business ဆိုတာ ပြိုင်ဘက်ကို အနိုင်ယူရတဲ့ Game တစ်ခုတည်း မဟုတ်ဘူး။ ကိုယ့် Customer တွေအတွက် ကိုယ်ရှိနေရတဲ့အကြောင်းပြချက်တစ်ခု ဖန်တီးပေးရတဲ့ Game လည်း ဖြစ်တယ်။ ပြိုင်ဘက်တွေကို လေ့လာပါ။ သူတို့ဆီက သင်ယူပါ။ ဒါပေမယ့် သူတို့ပုံစံကို လိုက်ကြည့်ရင်း ကိုယ့်သွားရမယ့်လမ်းကိုတော့ မပျောက်ပါစေနဲ့။ တခြားသူတွေနဲ့ မတူအောင်လုပ်နိုင်တာထက် ပိုအရေးကြီးတာတစ်ခု ရှိတယ်။ ဘာအတွက် ဒီလုပ်ငန်းကို ဘာကြောင့် လုပ်နေရတာလဲဆိုတာ ကိုယ်ကိုယ်တိုင်က ရှင်းရှင်းလင်းလင်သိနေဖို့ပါပဲ။ Tin Ko Ko (KSI Engineering) Ads မြို့ပြအင်ဂျင်နီယာ သင်တန်းများ https://ksi.civilengr.org - ဆောက်လုပ်ရေးဆိုင်ရာ အကြံပေး ဝန်ဆောင်မှုများ http://deltabe.com/?page_id=1181 - အနာဂတ်အတွက် Wealth Building, Financial Freedom နဲ့ Passive Income တည်ဆောက်လိုသူများအတွက် Stock Investment & Financial Literacy သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။ အသေးစိတ်လေ့လာရန် https://deltabe.com/?page_id=1353 -

August 31, 2026 712