Engineer နဲ့ Stock Share ဘာဆိုင်လဲ?
တချို့က မေးကြတယ်။
Engineer လုပ်နေတာ Stock တွေ၊ Investment တွေ
လေ့လာဖို့ ဘာလိုလို့လဲ? တဲ့။
ကျွန်တော့်အမြင်ကတော့
ကိုယ်ပိုင်စီးပွားရေး မလုပ်ချင်တဲ့
အင်ဂျင်နီယာတွေ အတွက်တောင် Investment က
ပိုပြီး လိုအပ်ပါတယ်။
Engineer တစ်ယောက်ရဲ့ အဓိကဝင်ငွေက
ကိုယ့်ရဲ့ပညာ၊ ကျွမ်းကျင်မှု၊ အချိန်နဲ့ လုပ်အားကနေ
ရလာတာများပါတယ်။
အလုပ်လုပ်နိုင်သရွေ့တော့
Experience ပိုများလာမယ်။
Skill ပိုကောင်းလာမယ်။
Salary ပိုကောင်းလာနိုင်တယ်။
ဒါပေမဲ့ မေးခွန်းတစ်ခုရှိတယ်။
ကိုယ် မလုပ်နိုင်၊ မကိုင်နိုင်တော့တဲ့အချိန်ကျရင်ရော?
ပညာရွှေအိုး လူမခိုး လို့ ပြောကြတာ မှန်ပါတယ်။
ပညာနဲ့ ကျွမ်းကျင်မှုကို ဘယ်သူမှ ခိုးလို့မရပါဘူး။
ဒါပေမဲ့ အဲဒီပညာကို အသုံးချပြီး အလုပ်လုပ်နိုင်တဲ့
အားအင်၊ အချိန်နဲ့ ကျန်းမာရေးကတော့
တစ်သက်လုံး ရှိနေမှာ မဟုတ်ပါဘူး။
အသက် ၃၀ မှာ လုပ်နိုင်သလောက်
အသက် ၆၀ မှာ လုပ်ချင်မှ လုပ်နိုင်တော့မှာပါ။
ဒါကြောင့် Engineer ဘဝမှာ ဝင်ငွေရနေစဉ်
ကာလအတွင်းမှာပဲ ဝင်ငွေရဲ့ တစ်စိတ်တစ်ပိုင်းကို
Asset (ပိုင်ဆိုင်မှု) အဖြစ် ပြောင်းထားသင့်ပါတယ်။
ဥပမာ
ရွှေ
အိမ်ခြံမြေ
Stock Share
ရေရှည်တန်ဖိုးတက်နိုင်သည့်
အခြား Investment Asset များ
အဓိကကတော့ ဒီနေ့ရတဲ့ Salary အကုန်လုံးကို
ဒီနေ့ရဲ့ Lifestyle အတွက်ချည်းပဲ မသုံးဖို့ပါပဲ။
Salary ဆိုတာ Active Income ဖြစ်လို့
ကိုယ်တိုင်အလုပ်လုပ်မှ ရတာပါ။
Asset ကတော့ ကိုယ့်ရဲ့ အလုပ်လုပ်နိုင်စွမ်း
ကျဆင်းလာချိန်မှာတောင် ကိုယ့်အတွက် ပြန်ပြီး အလုပ်လုပ်ပေးနိုင်တဲ့အရာ ဖြစ်လာပါတယ်။
ဥပမာ
Stock Share ဝယ်ထားတယ်ဆိုတာ
ဈေးတက်မလား၊ကျမလား ထိုင်ကြည့်ပြီး
Trading လုပ်နေရမယ်လို့
မဆိုလိုပါဘူး။ ကောင်းမွန်တဲ့ လုပ်ငန်းတစ်ခုရဲ့
အစုရှယ်ယာကို နားလည်သဘောပေါက်ပြီး
ရေရှည်ပိုင်ဆိုင်ထားခြင်းကလည်း Investment ပါပဲ။
Engineer တစ်ယောက်အနေနဲ့
ကိုယ်ပိုင် Business မထောင်ချင်တာ
ပြဿနာမရှိပါဘူး။ Professional Engineer အဖြစ်နဲ့ပဲ
တစ်သက်လုံး ရပ်တည်သွားလည်း ရပါတယ်။
ဒါပေမဲ့
Career တစ်ခုတည်းကို ဝင်ငွေရဲ့ တစ်ခုတည်းသော
အရင်းအမြစ်အဖြစ်တော့ မထားသင့်ပါဘူး။
အသက်ငယ်ရွယ်တုန်းမှာ ကိုယ့်ပညာနဲ့ အလုပ်လုပ်ပါ၊
ဝင်ငွေရှာပါ၊ Skill ကို မြှင့်ပါ။ တစ်ချိန်တည်းမှာပဲ
ရလာတဲ့ ဝင်ငွေထဲက တစ်စိတ်တစ်ပိုင်းကို
Asset တွေအဖြစ် တဖြည်းဖြည်း
ပြောင်းလဲစုဆောင်းပါ။
တစ်နေ့ ကိုယ်အလုပ်မလုပ်နိုင်တော့တဲ့
အချိန်ရောက်လာရင် ကိုယ်ငယ်ငယ်က
တည်ဆောက်ခဲ့တဲ့ Asset တွေက
ကိုယ့်အတွက် ပြန်အလုပ်လုပ်ပေးပါလိမ့်မယ်။
Engineer တစ်ယောက်အတွက်
Financial Planning ဆိုတာ
Engineering Career ကနေ ထွက်ဖို့ မဟုတ်ပါဘူး။
Engineering Career တစ်ခုတည်းပေါ်
လုံးဝမှီခိုစရာမလိုဘဲ စိတ်အေးရတဲ့ ဘဝတစ်ခုကို
တဖြည်းဖြည်း တည်ဆောက်ထားဖို့ ဖြစ်ပါတယ်။
Tin Ko Ko
(KSI Engineering)
အင်ဂျင်နီယာတစ်ယောက်လည်းဖြစ်
လုပ်ငန်းရှင်တစ်ယောက်လည်းဖြစ်တဲ့
ကျွန်တော်ရေးထားတဲ့ စာအုပ်လည်း
ထွက်ရှိလို့လာပါပြီ။
စတော့ရှယ်ယာဖြင့် ငွေကြေးလွတ်လပ်ခွင့်ဆီသို့
(မြန်မာနိုင်ငံသား လုပ်ငန်းရှင်တစ်ဦး၏
စတော့ရှယ်ယာရင်းနှီးမြှုပ်နှံမှုနှင့် အမြတ်ရှာနည်း လျှို့ဝှက်ချက်များ)
တန်ဖိုး ၂၅,၀၀၀ကျပ်
နီးစပ်ရာ City Mart/City Mall
စာအုပ်ဆိုင်တွေမှာလည်း ဝယ်ယူနိုင်ပါပြီ။
12August 22, 2026 1.4K 3