ဒီနေ့ရတဲ့ဝင်ငွေထက် ရေရှည်မှာကျန်နေခဲ့မယ့်အရာ Engineer to Entrepreneur… — BTech Tin Ko Ko — TG.ME

ဒီနေ့ရတဲ့ဝင်ငွေထက် ရေရှည်မှာကျန်နေခဲ့မယ့်အရာ
Engineer to Entrepreneur | Episode #047

လုပ်ငန်းစလုပ်ခါစတုန်းက
တစ်လပြီးသွားရင် အရင်ဆုံးကြည့်မိတာက
ဒီလ ဝင်ငွေ ဘယ်လောက်ရလဲ?
Project ဘယ်နှခုရလဲ?
သင်တန်းသား ဘယ်နှယောက်ရလဲ?
အမြတ် ဘယ်လောက်ကျန်လဲ?
အဲဒီ Number တွေ တိုးတက်လာရင်
လုပ်ငန်းတိုးတက်နေတယ်လို့ ခံစားရတယ်။

ဒါကလည်း မမှားပါဘူး။
Business တစ်ခုမှာ
Revenue မရှိရင် ရပ်တည်ဖို့ခက်တယ်။
Profit မရှိရင်လည်း
ရေရှည်ဆက်သွားလို့ မရဘူး။

ဒါပေမယ့်
နှစ်တွေကြာလာတော့
မေးခွန်းတစ်ခု ပေါ်လာတယ်။
ဒီနှစ်တွေတစ်လျှောက် ငွေရှာခဲ့တာကလွဲပြီး
ငါဘာတွေ တည်ဆောက်ခဲ့ပြီးပြီလဲ?
ဒီမေးခွန်းက
ကျွန်တော့်အမြင်ကို ပြောင်းသွားစေတယ်။

တစ်လ သိန်း ၁၀၀ ရပြီး နောက်လရောက်တာနဲ့
သုညကနေ ပြန်စရမယ်ဆိုရင်
ကိုယ်တကယ်တိုးတက်လာတာလား။
ဒါမှမဟုတ်
ဝင်ငွေကောင်းတဲ့အလုပ်တစ်ခုကိုပဲ
နှစ်ပေါင်းများစွာ ဆက်လုပ်နေတာလား။

အဲဒီကနေ Business မှာ
ဝင်ငွေအပြင် နောက်ထပ်တစ်ခုကို
စကြည့်ဖြစ်လာတယ်။

Asset။

Asset ဆိုတာ
အဆောက်အအုံ၊ မြေ၊ စက်ပစ္စည်းတွေကိုပဲ
ပြောတာမဟုတ်ဘူး။
ကိုယ်နှစ်ပေါင်းများစွာ
တည်ဆောက်လာတဲ့ Brand က Asset ဖြစ်နိုင်တယ်။
ကိုယ့်ကို ယုံကြည်ပြီး
ပြန်လာတဲ့ Customer Base က Asset ဖြစ်နိုင်တယ်။
ကိုယ်မရှိလည်း အသုံးချနိုင်တဲ့
Knowledge နဲ့ Content တွေက Asset ဖြစ်နိုင်တယ်။
နှစ်တွေကြာလာတာနဲ့အမျှ
စုလာတဲ့ Data ကလည်း Asset ဖြစ်နိုင်တယ်။
ကိုယ်တည်ဆောက်ထားတဲ့
Network ကလည်း Asset ဖြစ်နိုင်တယ်။

ကိုယ်မရှိတဲ့အချိန်မှာပါ
ဆက်ပြီး Value ဖန်တီးပေးနိုင်တဲ့အရာတွေ
ဒါတွေကို တဖြည်းဖြည်း
ပိုစိတ်ဝင်စားလာတယ်။
အရင်က သင်တန်းတစ်ခု သင်ရင်
သင်တန်းပြီးတာနဲ့ ကိုယ့်အလုပ်ပြီးပြီ။
နောက်တစ်တန်း ဝင်ငွေရချင်ရင်
ထပ်သင်ရတယ်။

ဒါပေမယ့်
ကိုယ်သင်ခဲ့တဲ့ Knowledge ကို
စနစ်တကျ မှတ်တမ်းတင်ထားရင်
Video ဖြစ်လာနိုင်တယ်။
Course ဖြစ်လာနိုင်တယ်။
စာအုပ် ဖြစ်လာနိုင်တယ်။
ကိုယ်မသင်နေတဲ့အချိန်မှာတောင်
တခြားသူတစ်ယောက်အတွက် အသုံးဝင်နေနိုင်တယ်။
အဲဒီမှာ ကွာခြားချက်တစ်ခုကို မြင်လာတယ်။

အလုပ်တစ်ခုက ဝင်ငွေ ဖန်တီးပေးတယ်။
Asset တစ်ခုကတော့
နောက်ထပ်ဝင်ငွေနဲ့ အခွင့်အရေးတွေ
ဖန်တီးပေးနိုင်တယ်။

ဒီအမြင်နဲ့ ပြန်ကြည့်တော့ Project တစ်ခုလုပ်ပြီးရင်
ပိုက်ဆံပဲ ရခဲ့တာ မဟုတ်ဘူး။
Experience ရခဲ့တယ်။
Portfolio ရခဲ့တယ်။
Client Relationship ရခဲ့တယ်။
လုပ်ငန်းတစ်ခု စမ်းပြီး မအောင်မြင်ခဲ့ရင်တောင်
Market အကြောင်း သိလာတယ်။
Customer အကြောင်း သိလာတယ်။
ကိုယ်မလုပ်သင့်တာ ဘာလဲဆိုတာ သိလာတယ်။
အတွေ့အကြုံတောင် Asset ဖြစ်လာနိုင်တယ်။

အဲဒီနောက်ပိုင်းမှာ
နေ့တိုင်း အလုပ်လုပ်တဲ့အခါ
မေးခွန်းတစ်ခု ထပ်ထည့်ဖြစ်လာတယ်။
ဒီအလုပ်ပြီးသွားရင်
ပိုက်ဆံအပြင် ဘာကျန်ခဲ့မလဲ?
ဘာမှမကျန်ဘူးဆိုရင်
နောက်တစ်ခါလည်း အစကနေ ပြန်လုပ်ရနိုင်တယ်။
တစ်ခုခု ကျန်ခဲ့တယ်ဆိုရင်တော့
ဒီနေ့လုပ်ခဲ့တဲ့အလုပ်က မနက်ဖြန် ကိုယ့်အတွက် ဆက်အလုပ်လုပ်ပေးနိုင်တယ်။

Engineering မှာ
အဆောက်အအုံတစ်လုံး ဆောက်ပြီးရင်
နှစ်ပေါင်းများစွာ တည်တံ့နေနိုင်တယ်။
Engineer မရှိတော့တဲ့အချိန်မှာတောင်
သူ Design လုပ်ခဲ့တဲ့ Structure က
သူ့တာဝန်ကို ဆက်ထမ်းနေတယ်။

Entrepreneur ဘဝရောက်လာတော့လည်း
ကျွန်တော် ဒီလိုပဲ စဉ်းစားလာတယ်။
ကိုယ်အလုပ်လုပ်နေတဲ့အချိန်မှာပဲ
တန်ဖိုးရှိတဲ့အရာတွေ မတည်ဆောက်ချင်တော့ဘူး။
ကိုယ်အလုပ်မလုပ်နေတဲ့အချိန်မှာတောင်
လူတစ်ယောက်အတွက် အသုံးဝင်နေမယ့်အရာ။
Company အတွက် Value ဆက်ဖန်တီးပေးမယ့်အရာ။
နှစ်တွေကြာသွားလည်း ပျောက်မသွားမယ့်အရာ။
အဲဒီလိုအရာတွေကို ပိုတည်ဆောက်ချင်လာတယ်။

ဘာလို့လဲဆိုတော့
ဝင်ငွေက ဒီနေ့အတွက်ပါ။
ဒါပေမယ့်
ကိုယ်တည်ဆောက်ခဲ့တဲ့ Asset တွေက
မနက်ဖြန်အတွက်ပါ။

နောက်ဆုံးမှာ ကိုယ့် Career ကို
ဘယ်လောက်ဝင်ငွေရခဲ့လဲဆိုတာတစ်ခုတည်းနဲ့
မတိုင်းချင်တော့ဘူး။
ငါဖြတ်သန်းခဲ့တဲ့ နှစ်တွေပြီးတဲ့အခါ
ဘာတွေ ကျန်ခဲ့သလဲ?
အဲဒီမေးခွန်းရဲ့ အဖြေကသာ
ကျွန်တော် တကယ်တည်ဆောက်ခဲ့တဲ့အရာတွေ
ဖြစ်လာမယ်လို့ ထင်ပါတယ်။

Tin Ko Ko
(KSI Engineering)

Ads

မြို့ပြအင်ဂျင်နီယာ သင်တန်းများ
https://ksi.civilengr.org

-

ဆောက်လုပ်ရေးဆိုင်ရာ အကြံပေး ဝန်ဆောင်မှုများ
http://deltabe.com/?page_id=1181

-

အနာဂတ်အတွက် Wealth Building, Financial Freedom နဲ့ Passive Income တည်ဆောက်လိုသူများအတွက် Stock Investment & Financial Literacy သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။

အသေးစိတ်လေ့လာရန်
https://deltabe.com/?page_id=1353

-
❤11👍1
September 2, 2026 483