ဆုံးဖြတ်ချက်တိုင်း မှန်ခဲ့တာ မဟုတ်ဘူး။
Engineer to Entrepreneur | Episode #037
Site Engineer ကနေ QS ဖြစ်လာတယ်။
ကျောင်းပြန်တက်တယ်။
Structural Engineer ဖြစ်လာတယ်။
Freelance လုပ်တယ်။
သင်တန်းတွေ သင်တယ်။
နောက်ဆုံး Company တည်ထောင်တယ်။
အပြင်ကနေ ပြန်ကြည့်ရင်
အဆင့်တိုင်းက စနစ်တကျဖြစ်လာသလို
ထင်ကောင်းထင်နိုင်တယ်။
ဒါပေမယ့်
တကယ့်ဘဝက အဲဒီလောက် မချောမွေ့ခဲ့ပါဘူး။
ဆုံးဖြတ်ချက်မှားခဲ့တာတွေ ရှိတယ်။
လူရွေးမှားခဲ့တာတွေ ရှိတယ်။
ယုံကြည်သင့်တာထက် ပိုယုံခဲ့တာတွေ ရှိတယ်။
မလုပ်သင့်တဲ့အလုပ်ကို လုပ်ခဲ့တာရှိသလို
လုပ်သင့်တဲ့အချိန်မှာ
မလုပ်ရဲခဲ့တာတွေလည်း ရှိတယ်။
တချို့ဆုံးဖြတ်ချက်တွေက
ငွေပဲ ဆုံးရှုံးစေခဲ့တယ်။
တချို့က
အချိန်တွေ ဆုံးရှုံးစေခဲ့တယ်။
တချို့ကတော့
လူတွေအပေါ်ထားတဲ့ ကျွန်တော့်အမြင်ကိုပါ
ပြောင်းသွားစေခဲ့တယ်။
Engineer ဘဝမှာ
Calculation တစ်ခု မှားသွားရင်
ဘယ်နေရာက မှားသလဲ ပြန်ရှာလို့ရတယ်။
Input မှားလား။
Formula မှားလား။
Assumption မှားလား။
ပြန်စစ်ပြီး ပြင်လို့ရတယ်။
Business မှာတော့
အဲဒီလို မလွယ်ဘူး။
လူတစ်ယောက်ကို ယုံသင့်၊ မယုံသင့်
ဒီအခွင့်အရေးကို ယူသင့်၊ မယူသင့်
ဒီလူနဲ့ ပူးပေါင်းသင့်၊ မပူးပေါင်းသင့်
ဒီလုပ်ငန်းကို ဆက်သွားသင့်၊ ရပ်သင့်
ဆုံးဖြတ်ရတဲ့အချိန်မှာ
အဖြေစာရွက်မရှိဘူး။
တစ်ခါတလေ
ကိုယ်မှန်တယ်ထင်ပြီး ချခဲ့တဲ့ဆုံးဖြတ်ချက်က
လအနည်းငယ်ကြာမှ မှားနေမှန်း သိရတယ်။
အစပိုင်းတုန်းကတော့
ဆုံးဖြတ်ချက်မှားရင်
ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်။
အဲဒီတုန်းက ဒီလိုမလုပ်ခဲ့ရင်
ဒီလူကို မယုံခဲ့ရင်
အဲဒီအခွင့်အရေးကို မယူခဲ့ရင်
ဆိုပြီး ပြန်တွေးမိတယ်။
ဒါပေမယ့်
နှစ်တွေကြာလာတော့
အမြင်တစ်ခု ပြောင်းလာတယ်။
မှားခဲ့တဲ့ဆုံးဖြတ်ချက်ကို ပြန်ပြင်လို့မရပေမယ့်
အဲဒီဆုံးဖြတ်ချက်အတွက် ပေးခဲ့ရတဲ့တန်ဖိုးကို
သင်ခန်းစာအဖြစ် ပြန်ယူလို့ရတယ်။
ငွေဆုံးရှုံးခဲ့ရင်
ဘာကြောင့်ဆုံးရှုံးခဲ့တာလဲ မှတ်ထားတယ်။
လူရွေးမှားခဲ့ရင်
နောက်တစ်ခါ ဘာတွေကြည့်ရမလဲ သင်ယူတယ်။
Partnership အဆင်မပြေရင်
အစကတည်းက Role၊ Responsibility နဲ့
Agreement တွေ
ရှင်းဖို့လိုတယ်ဆိုတာ နားလည်လာတယ်။
Project မှားရွေးမိရင်
နောက်တစ်ခါ Revenue တစ်ခုတည်းမကြည့်ဘဲ
Risk နဲ့ Opportunity Cost ကိုပါ တွက်လာတယ်။
အဲဒီကနေ
ကျွန်တော် နားလည်လာတာတစ်ခုရှိတယ်။
Entrepreneur ဖြစ်လာတာက
ဆုံးဖြတ်ချက်တိုင်း မှန်အောင် ချနိုင်လာတာ
မဟုတ်ဘူး။
မှားတဲ့ဆုံးဖြတ်ချက်တစ်ခုကြောင့်
တစ်နေရာတည်းမှာ မလဲကျနေတော့တာပါ။
မှားရင်
ဝန်ခံတယ်။
ဘာကြောင့်မှားလဲ ပြန်ကြည့်တယ်။
ပြင်လို့ရတာ ပြင်တယ်။
ပြီးရင်
နောက်ဆုံးဖြတ်ချက်တစ်ခုကို ဆက်ချတယ်။
Engineering က ကျွန်တော့်ကို
အမှားမဖြစ်အောင် စစ်တတ်ဖို့ သင်ပေးခဲ့တယ်။
Business ကတော့
အမှားဖြစ်သွားရင် မြန်မြန်သိပြီး
မြန်မြန်ပြင်တတ်ဖို့ သင်ပေးခဲ့တယ်။
ဒီနေ့အထိလည်း
ကျွန်တော် ချတဲ့ဆုံးဖြတ်ချက်တိုင်း
မှန်မယ်လို့ မထင်ပါဘူး။
ဒါပေမယ့်
အရင်ကထက် တစ်ခုတော့ ပိုသိလာတယ်။
အောင်မြင်မှုဆိုတာ
ဘယ်တော့မှ မမှားတဲ့လူတွေအတွက်ပဲ မဟုတ်ဘူး။
မှားပြီးတိုင်း သင်ခန်းစာယူပြီး
ဆက်သွားနိုင်တဲ့သူတွေအတွက်လည်း ဖြစ်ပါတယ်။
Tin Ko Ko
(KSI Engineering)
Ads
မြို့ပြအင်ဂျင်နီယာ သင်တန်းများ
https://ksi.civilengr.org
-
ဆောက်လုပ်ရေးဆိုင်ရာ အကြံပေး ဝန်ဆောင်မှုများ
http://deltabe.com/?page_id=1181
-
အနာဂတ်အတွက် Wealth Building, Financial Freedom နဲ့ Passive Income တည်ဆောက်လိုသူများအတွက် Stock Investment & Financial Literacy သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။
အသေးစိတ်လေ့လာရန်
https://deltabe.com/?page_id=1353
-
15August 21, 2026 1.4K 1