ညစောင့် (၂၀၂၆) နှစ်ပေါင်းများစွာ စွန့်ပစ်ထားခဲ့ပြီး… — Hana : The Sweet Orophile — TG.ME

ညစောင့် (၂၀၂၆)

နှစ်ပေါင်းများစွာ စွန့်ပစ်ထားခဲ့ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ အတိတ်ဆိုးတွေ ရှိခဲ့တဲ့ “ဝေလ်ရှိုင်းယား” စိတ်ကျန်းမာရေးဆေးရုံဟောင်းကြီးမှာ အက်ဒ်ဝပ် ဆိုတဲ့ အမျိုးသားဟာ လုံခြုံရေးဝန်ထမ်းအဖြစ် ပထမဆုံးည စတင်တာဝန်ကျခဲ့ပါတယ်။ အစပိုင်းမှာ အေးဆေးတိတ်ဆိတ်နေခဲ့ပေမဲ့ ညနက်လာတာနဲ့အမျှ ဆေးရုံအတွင်းမှာ မသင်္ကာစရာဖြစ်ရပ်တွေ စတင်ပေါ်ပေါက်လာခဲ့ပါတယ်။ ပိုပြီးထိတ်လန့်စရာကောင်းတာကတော့ ဆေးရုံစတိုခန်းအတွင်း စွန့်ပစ်ထားတဲ့ စမ်းသပ်ပြကွက်သုံး အရုပ်မတွေဟာ အက်ဒ်ဝပ် မမြင်အောင် နေရာအလိုအလျောက် ရွှေ့ပြောင်းနေကြတာပါပဲ။ အက်ဒ်ဝပ် ဟာ ဆေးရုံရဲ့ မှတ်တမ်းဟောင်းတွေကို လိုက်လံကြည့်ရှုရင်း အဲဒီဆေးရုံကြီးမှာ အတိတ်က လူနာတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ စိတ်ပိုင်းဆိုင်ရာကုသမှု စမ်းသပ်ချက်တွေ ပြုလုပ်ခဲ့ဖူးကြောင်း သိရှိသွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သဘာဝလွန်ခြောက်လှန့်မှုတွေနဲ့ စိတ်ခြောက်ခြားဖွယ် ရူပါရုံတွေကို ဆက်တိုက်ကြုံတွေ့ခဲ့ရပြီး အက်ဒ်ဝပ် တစ်ယောက် စွန့်ပစ်ဆေးရုံကြီးအတွင်းကနေ လုံးဝပျောက်ဆုံးသွားခဲ့ပါတယ်။ ရဲတပ်ဖွဲ့က အက်ဒ်ဝပ် ရဲ့ Bodycam နဲ့ ဆေးရုံအတွင်းရှိ လုံခြုံရေးကင်မရာရိုက်ချက်တွေကို ပြန်လည်ရရှိခဲ့ပြီး အဲဒီရုပ်သံမှတ်တမ်းတွေကတစ်ဆင့် အဲဒီညက ဖြစ်ပျက်ခဲ့တဲ့ ထိတ်လန့်ဖွယ်ဖြစ်ရပ်မှန်တွေကို ရင်သပ်ရှုမောဖွယ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့်
➡️  t.me/+l6iAujfRr3YwOTQ9

ဇာတ်ကားလင့်
➡️ t.me/c/3723652775/612
❤1
October 13, 2026 456 3