IMDb Rating 7.3/10 ရရှိထားပြီး နာမည်ကျော်ဒါရိုက်တာကြီး ဒေးဗစ်ပါဘလို ရိုက်ကူးထားတဲ့ LGBTQIA+၊ Crime၊ Drama ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ်။
ငယ်ရွယ်တဲ့ ဗီနီနို ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ အဝေးပြေးလမ်းမတွေပေါ်မှာ တရားမဝင်အလုပ်တွေလုပ်ကိုင်ရင်း ကားကြုံလိုက်စီးပြီး လူဆိုးတွေလက်ထဲကနေ ထွက်ပြေးနေရသူတစ်ယောက်ပါ။ တစ်နေ့မှာတော့ မူနီကို ဆိုတဲ့ လူလတ်ပိုင်းအရွယ်၊ တည်ငြိမ်ရင့်ကျက်တဲ့ ထရပ်ကားမောင်းသမားတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ မူနီကို မှာ ဇနီးနဲ့ ကလေးတွေရှိပေမဲ့ သူ့ဘဝကတော့ အထီးကျန်ပြီး မပျော်ရွှင်ခဲ့ပါဘူး။ ဒီလိုနဲ့ ကားကြုံလိုက်စီးလာတဲ့ ဗီနီနို နဲ့ မူနီကို တို့ဟာ မိုင်ပေါင်းများစွာ ရှည်လျားတဲ့ မက္ကဆီကိုကန္တာရတွေကို အတူတကွ ဖြတ်ကျော်သွားကြရင်း အချိန်တွေ အတူကုန်ဆုံးလာခဲ့ကြပါတယ်။ အဲဒီလို နီးကပ်လာကြရင်း နောက်ဆုံးမှာတော့ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်မိသွားကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့အချစ်ဇာတ်လမ်းဟာ ထာဝရပျော်ရွှင်စွာ ဆက်လက်တည်ရှိနိုင်ခဲ့ခြင်း မရှိပါဘူး။ ဗီနီနို ရဲ့ အတိတ်ကနေ ပေါ်ပေါက်လာတဲ့ အန္တရာယ်ကြီးမားတဲ့ ရာဇဝတ်သားတွေက သူတို့ရဲ့ခြေရာကို လိုက်မိသွားတဲ့အခါ လူဆိုးတွေရဲ့ရန်ကနေ လွတ်မြောက်အောင် ထွက်ပြေးရင်း တစ်ယောက်ကိုတစ်ယောက် ကာကွယ်ပေးနိုင်ကြမလားဆိုတာကို ဆက်လက်ကြည့်ရှုကြပါဦးဗျာ။
ချန်နယ်လင့်
ဇာတ်ကားလင့်
