အလုပ်သင် (၂၀၂၆) ၃ နှစ်အတွင်းမှာတင် ရောင်းအား ဝမ် ၁၀ ဘီလီယံအထိ…

အလုပ်သင် (၂၀၂၆)

၃ နှစ်အတွင်းမှာတင် ရောင်းအား ဝမ် ၁၀ ဘီလီယံအထိ စံချိန်တင်နိုင်ခဲ့ပြီး ဖက်ရှင်လောကရဲ့ Dark Horse လို့တောင် တင်စားခံရတဲ့ ဖက်ရှင်ဘရန်း WOO22 ရဲ့ တည်ထောင်သူ စီအီးအိုမလေး အီဆွန်းအူ ဟာ သူမရဲ့ကုမ္ပဏီကို လွတ်လပ်ပေါ့ပါးတဲ့ အငွေ့အသက်မျိုးနဲ့ လည်ပတ်နေသူပါ။ ဖက်ရှင်ကုမ္ပဏီဖြစ်တာနဲ့အညီ ဝတ်စားဆင်ယင်မှုပုံစံကအစ အလုပ်လုပ်ကိုင်ပုံအဆုံး လွတ်လပ်မှုရှိတဲ့ အငွေ့အသက်မျိုးကို အသားပေးထားတဲ့ ဆွန်းအူ တို့ရဲ့ကုမ္ပဏီကို တစ်နေ့မှာ လုပ်သက်အတွေ့အကြုံ ၃၇ နှစ်ရှိပေမဲ့ ဒစ်ဂျစ်တယ်လုပ်ငန်းခွင်နဲ့ စိမ်းသက်နေဆဲဖြစ်တဲ့ ဂင်ဂီဟို ဆိုသူက သက်ကြီးရွယ်အို အလုပ်သင်အနေနဲ့ အလုပ်ဝင်လာတဲ့အခါမှာတော့ အရာရာဟာ စိတ်ဝင်စားစရာတွေ ဖြစ်လာပါတော့တယ်။ သူတို့နှစ်ဦးဟာ ကိုယ်စီရဲ့အတွေ့အကြုံတွေနဲ့ အမြင်တွေကို ဝေမျှဖလှယ်ရင်း မတူညီတဲ့ မျိုးဆက်နှစ်ခုကြားက ကွာဟချက်တွေကို ဘယ်လိုပေါင်းကူးတံတားထိုးသွားကြမလဲ။ စိတ်ဓာတ်ခွန်အားတွေ ပေးစွမ်းနိုင်မယ့် ထိထိမိမိ ဒိုင်ယာလော့များစွာနဲ့အတူ လုပ်ငန်းခွင်ဆိုင်ရာ သင်ခန်းစာတွေလည်း တစ်ပြည့်တစ်ဝကြီး ရရှိနိုင်ဦးမှာဖြစ်တာကြောင့် ဒီဇာတ်ကားလေးနဲ့အတူ အလုပ်ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကို နှစ်သိမ့်ကုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့်
➡️  t.me/+l6iAujfRr3YwOTQ9

ဇာတ်ကားလင့်
➡️ t.me/c/3723652775/712
October 26, 2026 341