နက်နဲသော အမှု (၂၀၂၆) ဒီရုပ်ရှင်ဟာ ညတစ်ညအတွင်း ရှုပ်ထွေးလှတဲ့…

နက်နဲသော အမှု (၂၀၂၆)

ဒီရုပ်ရှင်ဟာ ညတစ်ညအတွင်း ရှုပ်ထွေးလှတဲ့ နယူးဒေလီမြို့ကြီးထဲမှာ ဖြစ်ပျက်သွားတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ မှုခင်းဖြစ်ရပ်တွေကို ဇာတ်အိမ်တည် ပုံဖော်ထားတာပါ။ အဓိကဇာတ်ကောင်ဖြစ်တဲ့ ရဲအရာရှိ အေဂျေး နီရ်ဗစ် ဟာ လာဘ်စားဖို့ ဝန်မလေးသလို အကျင့်ပျက်ခြစားမှုတွေနဲ့ မိန်းမလိုက်စားမှုတွေကြောင့် နာမည်ပျက်နေပြီး ၁၄ နှစ်ကြာတဲ့အထိ ရာထူးမတက်သေးတဲ့ ဒုရဲအုပ်တစ်ဦး ဖြစ်ပါတယ်။ တစ်ညမှာ ပုံမှန်အတိုင်း လာဘ်စားဖို့အတွက် အပေါစားတည်းခိုခန်းတစ်ခုကို ဝင်စီးနေတုန်း လူသွားလူလာများတဲ့ မြို့လယ်လမ်းမကြီးပေါ်ကို အပြင်းအထန် ဒဏ်ရာရထားတဲ့ မိန်းကလေးတစ်ဦးကို ကားပေါ်ကနေ ပစ်ချသွားတဲ့ ဖြစ်ရပ်တစ်ခုနဲ့ ကြုံလာရပါတယ်။ အဲဒီအမှုကို အနီးအနားမှာ ရှိနေတဲ့ နီရ်ဗစ် ကပဲ လမ်းကြုံတာဝန်ယူခဲ့ရပြီး ပစ်ချခံရတဲ့ မိန်းကလေးက ဘယ်သူလဲ၊ ဘာကြောင့် ဒီလိုအန္တရာယ်မျိုး ကြုံတွေ့ခဲ့ရတာလဲဆိုတဲ့ နောက်ကွယ်က အမှန်တရားကို ဖော်ထုတ်ဖို့ စုံစမ်းတဲ့အခါမှာတော့ နိုင်ငံရေးသမားတွေ၊ ရာဇဝတ်ဂိုဏ်းတွေ၊ CBI အရာရှိတွေနဲ့ နိုင်ငံတကာအဆင့် ရာဇဝတ်ကောင်ကြီးတွေ ပါဝင်ပတ်သက်နေတဲ့ အထက်တန်းလွှာ ရာဇဝတ်မှုကွန်ရက်ကြီးထဲကို ခြေစုံပစ် ဝင်ရောက်မိသွားပါတော့တယ်။

t.me/indiamovies02/337
❤2
October 26, 2026 298