Hana : The Sweet Orophile: post #39673

အချိန်စက်ဝန်း (၂၀၂၆)

ဒေါက်တာ မက်ဂ်ဂါလန်း ဟာ လူ့ခန္ဓာကိုယ်တွေ ပုပ်သိုးပြိုကွဲပုံကို လေ့လာပြီး လူသတ်မှုအမှုဟောင်းတွေကို ဖော်ထုတ်ပေးတဲ့ ခန္ဓာကိုယ်လေ့လာရေးခြံဝင်းကို ဦးစီးနေတဲ့ မှုခင်းမနုဿဗေဒပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ တစ်နေ့မှာတော့ မြို့ငယ်လေးတစ်မြို့မှာ မိခင်နဲ့သမီးဖြစ်သူတို့ ရက်စက်စွာ အသတ်ခံရတဲ့အမှုကို စုံစမ်းဖို့ ရောက်ရှိသွားခဲ့ပါတယ်။ အဲဒီရာဇဝတ်မှု ဖြစ်ပွားရာနေရာအနီးမှာ ရဲတပ်ဖွဲ့က အံ့ဩစရာကောင်းလောက်အောင် ပုပ်ပွပျက်စီးခြင်းမရှိဘဲ ထူးဆန်းစွာ တည်ရှိနေတဲ့ လူအလောင်းတစ်လောင်းကို ထပ်မံတွေ့ရှိခဲ့ရပါတယ်။ စစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ အဲဒီအလောင်းဟာ လွန်ခဲ့တဲ့ ၃၆ နှစ်ကတည်းက ပျောက်ဆုံးသွားခဲ့ပြီး ငယ်စဉ်ကတည်းက မိသားစုကို စွန့်ခွာသွားခဲ့တဲ့ မက်ဂ် ရဲ့ ဖခင်အရင်း ပီတာ ဖြစ်နေကြောင်း တုန်လှုပ်ဖွယ် သိရှိလိုက်ရပါတော့တယ်။ အလောင်းမှာ တိရစ္ဆာန်ရိုင်းတွေရဲ့ တိုက်ခိုက်ခံထားရတဲ့ ဒဏ်ရာလက္ခဏာမျိုး တစ်စုံတစ်ရာမရှိဘဲ ထူးဆန်းစွာ လတ်ဆတ်နေတာကြောင့် စုံစမ်းစစ်ဆေးသူတွေကို ပိုလို့တောင် ဦးနှောက်ခြောက်စေခဲ့ပါတယ်။ ဒီလိုနဲ့ မက်ဂ် ဟာ ဒေသခံရဲအရာရှိတွေဖြစ်တဲ့ အီယန် နဲ့ သူ့အဖေ မာ့ခ်စ် တို့ ပူးပေါင်းကာ ဖခင်ဖြစ်သူရဲ့ ပျောက်ဆုံးနေတဲ့အတိတ်နဲ့ လူသတ်မှုတွေကြားက ဆက်စပ်မှုကို စတင်ဖော်ထုတ်ပါတော့တယ်။ တူးဖော်စစ်ဆေးမှုတွေ လုပ်ဆောင်လာရင်း ဖခင်ဖြစ်သူရဲ့ဘဝနောက်ကွယ်မှာ သာမန်လူသားတွေ မသိနိုင်တဲ့ အမှောင်ဖုံးပြီး ကြောက်စရာကောင်းတဲ့ လျှို့ဝှက်ချက်ကြီးတစ်ခု ကိန်းအောင်းနေတယ်ဆိုတာကို တစ်စချင်းစီ သိရှိလာရပါတော့တယ်။ဒီဇာတ်ကားထဲမှာ မှုခင်းစုံစမ်းထောက်လှမ်းမှုရသနဲ့အတူ နောက်ပိုင်းမှာ ပေါက်ကွဲထွက်လာမယ့် တိရစ္ဆာန်ဆန်ဆန် ကြောက်မက်ဖွယ် ဟော်ရာမြင်ကွင်းတွေကို ရင်တထိတ်ထိတ်နဲ့ အစအဆုံး စိတ်လှုပ်ရှားစွာ ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့်
➡️  t.me/+l6iAujfRr3YwOTQ9

ဇာတ်ကားလင့်
➡️ t.me/c/3723652775/723