တောနက်ကြီးရဲ့ အမှောင်ထုကြားမှာ ခြေတစ်လှမ်းမှားလိုက်ရုံနဲ့ အသက်ပျောက်သွားနိုင်တဲ့ သွေးပျက်စရာ အိပ်မက်ဆိုးကြီးတစ်ခုဖြစ်တဲ့ ဇာတ်ကားကတော့ Horror ဇာတ်ကားချစ်ပရိသတ်တွေ အသည်းယားရင်ခုန်ဖို့ ရောက်ရှိလာပါပြီ။ နှစ်စဉ်ပြုလုပ်နေကျအတိုင်း တောင်ပေါ်တောနက်ကြီးဆီ ခရီးထွက်လာခဲ့ကြတဲ့ ဘုရားကျောင်းအဖွဲ့လေးတစ်ဖွဲ့ဟာ သဘာဝတရားရဲ့ အလှအပတွေကို ခံစားရင်း အေးအေးဆေးဆေး အပန်းဖြေဖို့ ရည်ရွယ်ထားခဲ့ကြပေမယ့် လမ်းမှားပြီး တောနက်ထဲ တိုးဝင်မိလိုက်တဲ့အချိန်မှာပဲ သူတို့ရဲ့ ပျော်စရာခရီးစဉ်ဟာ အသက်လုပြေးရတဲ့ ငရဲခန်းကြီးအဖြစ် ပြောင်းလဲသွားခဲ့ရပါတယ်။ သူတို့ရောက်ရှိသွားခဲ့တဲ့ နေရာကတော့ မြေပြင်တုန်ခါမှုကို အာရုံခံပြီး အမဲလိုက်တတ်တဲ့ သမိုင်းမတင်မီခေတ်ကတည်းက ရှင်သန်ကျန်ရစ်နေတဲ့ ဧရာမပင့်ကူမိစ္ဆာကြီးရဲ့ ပင့်ကူမျှင်ထောင်ချောက်နယ်မြေ ဖြစ်နေခဲ့တာပါပဲ။ ထွက်ပြေးဖို့ နည်းလမ်းလည်းမရှိ၊ အကူအညီတောင်းဖို့ လမ်းစလည်းပျောက်နေတဲ့ တောနက်ကြီးထဲမှာ စက္ကန့်ပိုင်းလောက် အသက်ရှူမှားရုံနဲ့တင် မိစ္ဆာကြီးရဲ့ အစာဖြစ်သွားနိုင်တာမို့ “ငြိမ်ငြိမ်လေးနေစမ်း။ မလှုပ်နဲ့” ဆိုတဲ့ သတိပေးသံနဲ့အတူ သေမင်းကို စိန်ခေါ်ပြီး ဘယ်လိုအသက်လု ရုန်းကန်ကြမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။
ချန်နယ်လင့်
ဇာတ်ကားလင့်
