အက်ဇ်ရာ လို့ အမည်ရတဲ့ အမျိုးသားတစ်ယောက်ဟာ ဆိုးရွားတဲ့ဆုံးရှုံးမှုကြီးတစ်ခုကို ကြုံတွေ့ခဲ့ရပြီးနောက် ဆက်လက်ရှင်သန်နိုင်ဖို့ ဘဝရဲ့အဓိပ္ပာယ်အသစ်ကို ရှာဖွေသွားပုံကို တင်ဆက်ထားတဲ့ Psychological Drama ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ အက်ဇ်ရာ ဟာ ခရာမှုတ်တဲ့ ဂျက်ဇ်ဂီတပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ တစ်ညမှာ တေးဂီတဖျော်ဖြေပွဲအပြီး သူ့ရဲ့ဇနီးနဲ့ သမီးငယ်လေးကို ကားပေါ်တင်ပြီး အိမ်ပြန်လာခဲ့ရာ လမ်းမှာ ကားမတော်တဆမှု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီမတော်တဆမှုကြောင့် ဇနီးနဲ့ သမီးငယ်လေးတို့ ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး အက်ဇ်ရာ တစ်ယောက်တည်းသာ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ အဲဒီလို ဆိုးရွားတဲ့အဖြစ်အပျက်ကြီးကြောင့် အက်ဇ်ရာ ဟာ ရင်ကွဲနာကျပြီး အသက်ဆက်ရှင်ဖို့တောင် စိတ်မရှိတော့ပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ရည်ရွယ်ချက်နဲ့ ဆေးရုံကနေ ထွက်လာပြီး မြင့်မားတဲ့ မီးပြတိုက်ကြီးတစ်ခုဆီ တစ်ယောက်တည်း သွားခဲ့ပါတယ်။ ဒါပေမဲ့ မီးပြတိုက်မှာ အလုပ်လုပ်နေသူတွေက အက်ဇ်ရာ ကို အလုပ်သမားအသစ်တစ်ယောက်လို့ မှားယွင်းထင်မြင်ခဲ့ကြပါတယ်။ အဲဒီအခြေအနေကို အခွင့်ကောင်းယူပြီး အက်ဇ်ရာ ဟာ ကမ္ဘာကြီးနဲ့ အဆက်အသွယ်ဖြတ်ကာ မီးပြတိုက်မှာ တစ်ယောက်တည်း အလုပ်လုပ်ရင်း နေထိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုနဲ့ အက်ဇ်ရာ တစ်ယောက် မီးပြတိုက်မှာ အလုပ်လုပ်ရင်း ဘဝအတွက် မျှော်လင့်ချက်အလင်းရောင်အသစ်တစ်ခုကို ရှာဖွေတွေ့ရှိနိုင်မလားဆိုတာကို အချစ်သစ်၊ သူငယ်ချင်းအသစ်တွေနဲ့အတူ ပေါ်ပေါက်လာမယ့် သုံးပွင့်ဆိုင်တင်းမာမှုတွေကြားမှာ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။
ချန်နယ်လင့်
ဇာတ်ကားလင့်
