ဈေးပေါသော အိမ်တစ်လုံး (၂၀၂၆) ဒီဇာတ်ကားလေးကတော့…

ဈေးပေါသော အိမ်တစ်လုံး (၂၀၂၆)

ဒီဇာတ်ကားလေးကတော့ အင်ဒိုနီးရှားသရဲကားကောင်းကောင်းလေး ကြည့်ချင်တဲ့သူတွေအတွက် အကြိုက်တွေ့စေမယ့် Horror ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ တာရီ ဆိုတဲ့ အမျိုးသမီးမှာ သမီးလေးတစ်ယောက်ရှိပြီး သူမဟာ တစ်ကိုယ်တည်းမိခင်တစ်ယောက်ဖြစ်ကာ အိမ်ခြံမြေအကျိုးဆောင်အဖြစ် လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ တာရီ ဟာ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းဖို့ တရားရုံးတက်ပြီးတဲ့အချိန်မှာ ရှေ့နေငှားခတွေနဲ့ စုဆောင်းထားသမျှ ငွေတွေ အကုန်ကုန်သွားခဲ့ပြီး လချုပ်နဲ့ ငှားနေတဲ့အိမ်ကနေပါ ဆင်းပေးရမယ့် အခြေအနေကို ရောက်လာပါတော့တယ်။ တစ်ဖက်မှာလည်း တရားရုံးရက်ချိန်းတွေကြောင့် အလုပ်ခဏခဏ ပျက်ကွက်ခဲ့ရပြီး အလုပ်ထုတ်ခံရမယ့်အခြေအနေ ဖြစ်လာတဲ့အတွက် သူဌေးကို တောင်းပန်ခဲ့ရပါတယ်။ အဲဒီအခါ သူဌေးက နောက်ဆုံးအခွင့်အရေးအနေနဲ့ အိမ်တစ်လုံးကို ဈေးပေါပေါနဲ့ အရောင်းတင်ထားကြောင်း၊ အဲဒီအိမ်ကို တစ်ပတ်အတွင်း ရောင်းထွက်အောင် လုပ်နိုင်ရင် အလုပ်ပြန်ခန့်ပေးမယ်လို့ ပြောခဲ့ပါတယ်။ ဒီလိုနဲ့ တာရီ နဲ့ သူ့သမီးဟာ တိုက်ခန်းကနေ ဆင်းပေးရတဲ့အတွက် ရောင်းချဖို့ တာဝန်ပေးထားတဲ့ အိမ်လေးမှာပဲ ခိုးနေထိုင်ရင်း တစ်ပတ်အတွင်း အိမ်ရောင်းထွက်အောင် ကြိုးစားရပါတော့တယ်။ ဒါဆို သူဌေးက ဘာကြောင့် အဲဒီအိမ်ကို ဈေးပေါပေါနဲ့ ရောင်းခိုင်းတာလဲ။ တာရီ တို့သားအမိ အဲဒီအိမ်မှာ ခိုးနေထိုင်နေတဲ့အချိန်အတွင်းမှာရော ဘယ်လိုထူးဆန်းကြောက်မက်ဖွယ်ရာတွေ ကြုံတွေ့လာရမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့်
➡️  t.me/+l6iAujfRr3YwOTQ9

ဇာတ်ကားလင့်
➡️ t.me/c/3723652775/701
October 25, 2026 414