စိတ်အမိုက် အမှောင် (၂၀၂၆) ဝိုင်းယက်ဘေလီ ဟာ သူ့အမေကို…

စိတ်အမိုက် အမှောင် (၂၀၂၆)

ဝိုင်းယက်ဘေလီ ဟာ သူ့အမေကို ဘယ်သူသတ်သွားလဲဆိုတာ သိချင်တဲ့ ရည်ရွယ်ချက်တစ်ခုတည်းနဲ့ ခရစ္စမတ်သစ်ပင်ခြံထဲက လူသူကင်းဝေးတဲ့ တဲတစ်လုံးဆီ သွားနေခဲ့ပါတယ်။ အဲဒီမေးခွန်းအတွက် အဖြေသိနိုင်တဲ့ တစ်ဦးတည်းသောသူက သူ့အဖေပဲဖြစ်ပြီး ဝိုင်းယက် က သူ့အဖေကို ပလတ်စတစ်နဲ့ပတ်ကာ ကားနောက်ခန်းထဲမှာ ဝှက်ထားခဲ့ပါတယ်။ အဖြေကို သိချင်စိတ်ပြင်းပြနေတဲ့ ဝိုင်းယက် ဟာ သူ့အဖေရဲ့ဝိညာဉ်နဲ့ စကားပြောဖို့ စိတ်အခြေအနေကို ပြောင်းလဲစေတဲ့ DMT ဆေးကို သုံးခဲ့မိချိန်မှာတော့ သူ့ဘဝရဲ့ အမှတ်တရတွေ၊ ကြေကွဲစရာတွေ၊ စိတ်ဒဏ်ရာတွေဟာ တစ်ခုပြီးတစ်ခု ပြန်လည်ပေါ်ပေါက်လာပြီး သူ့စိတ်ကို အပြင်းအထန် နှိပ်စက်ပါတော့တယ်။ အဲဒီအမှတ်တရတွေထဲမှာ စုန်းမတွေ၊ သူ့ဘဝရဲ့ အချစ်ဆုံးမိန်းကလေးဖြစ်တဲ့ ကိုရာ နဲ့ သူ့အဖေရဲ့ဝိညာဉ်တွေလည်း ပါဝင်နေပါတယ်။ ဒီလို စိတ်ထင်ယောင်ထင်မှားမှုတွေကြားကနေ ဝိုင်းယက် တစ်ယောက် ဘယ်လိုရုန်းထွက်နိုင်မလဲ။ သူလိုချင်တဲ့ အဖြေကို ရှာတွေ့နိုင်ပါ့မလား။ ဒါမှမဟုတ် ပိုမိုမှောင်မိုက်တဲ့ အမှောင်ထုထဲကိုပဲ ခုန်ချသက်ဆင်းမိသွားမလားဆိုတာ ဆက်လက်ရှုစားကြပါ။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့်
➡️  t.me/+l6iAujfRr3YwOTQ9

ဇာတ်ကားလင့်
➡️ t.me/c/3723652775/707
October 25, 2026 396