ရိုယယ်ဆာရိုဂျာ ဟိုတယ်ကြီးဟာ တစ်ချိန်က စည်ကားအောင်မြင်ခဲ့ပေမယ့် အခုချိန်မှာတော့ လာတည်းမယ့်ဧည့်သည်မရှိ၊ ပြုပြင်ထိန်းသိမ်းမှုမရှိနဲ့ မကြာခင် ပိတ်ပစ်ရတော့မယ့် အခြေအနေဆိုက်နေပါပြီ။ ဒါပေမယ့် တစ်နေ့မှာတော့ စုံတွဲသုံးတွဲ တစ်ပြိုင်တည်း ရောက်လာလို့ ဟိုတယ်က နှစ်ယောက်တည်းသော ဝန်ထမ်းတွေဖြစ်တဲ့ ရမ်ဘို နဲ့ ဘိုနာ တို့နှစ်ယောက် အလုပ်ရှုပ်ကြရပါတော့တယ်။ တကယ်တော့ အဲ့ဒီအတွဲခြောက်ယောက်ဟာ သွားလေသူ ဟိုတယ်ပိုင်ရှင်ကြီးရဲ့ သားသမီးတွေနဲ့ သူတို့ရဲ့ ဇနီးခင်ပွန်းတွေဖြစ်ပြီး သူတို့ရဲ့ဖခင်ဖြစ်သူဟာ မဆုံးခင်လေးမှာ သူတို့တစ်ယောက်ချင်းစီကို ရွှေတွေ ချန်ထားခဲ့တဲ့အကြောင်း သီးသန့်ခေါ်ပြောထားပါတယ်။ ဒီတော့ သူတို့ဟာ တခြားမောင်နှမတွေ မသိဘူးအထင်နဲ့ လစ်တဲ့အချိန် ဟိုတယ်ထဲမှာ ရွှေကို တိတ်တိတ်လေးရှာဖို့ အကြံအစည်နဲ့ လာခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူတို့မလာခင် ရက်ပိုင်းလေးမှာမှ ဘိုင်ကျနေတဲ့ ဘိုနာ နဲ့ ရမ်ဘို တို့ဟာ ဂျယ်လန်ကွန်းလို့ခေါ်တဲ့ အင်ဒိုရိုးရာ သရဲခေါ်နည်းနဲ့ သရဲခေါ်ပြီး ချဲနံပါတ်တောင်းဖို့ ကြိုးစားရာကနေ ပြန်မပို့မိလို့ ရောက်လာတဲ့ သရဲမတစ်ကောင်က ဟိုတယ်ထဲမှာ ရှိနေပါသေးတယ်။ အဲ့ဒီမှာပဲ သူတို့စုံတွဲခြောက်ယောက်၊ ရမ်ဘို တို့နှစ်ယောက်နဲ့ သရဲတစ်ကောင် ဟိုတယ်ထဲမှာ ဘယ်လိုတွေ တိုင်ပတ်ကြမလဲ၊ ဘယ်လိုဇာတ်ရှုပ်တွေ ပေါ်လာမလဲ၊ ဘယ်လိုပြဿနာတွေ ကြုံလာရဦးမလဲ အစရှိတာတွေကို ဟာသနှောပြီး တင်ဆက်ထားတာပါ။ အဓိက သရုပ်ဆောင်နှစ်ယောက်ရဲ့ အပေးအယူမျှတဲ့ ဟာသတွေနဲ့ ဖောက်ကွက်တွေသာမက ပါဝင်တဲ့ သရုပ်ဆောင်တွေ အားလုံးကလည်း အချိတ်အဆက် မိမိနဲ့ ဇာတ်ကို သယ်ဆောင်သွားနိုင်လို့ ပြသချိန် နှစ်နာရီဝန်းကျင်ဟာ လုံးဝမပျင်းရအောင် ဖျော်ဖြေမှုပေးနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
ချန်နယ်လင့်
ဇာတ်ကားလင့်

