IMDb - 6.4/10
Genre - Thriller, Action
ဟောင်းမို ဟာ သိုင်းပညာသင်ကြားပြသပေးနေတဲ့ ဆရာတစ်ယောက်ဖြစ်ပြီး, လူတစ်ယောက်ကို မတော်တဆ သတ်လိုက်မိတဲ့အတွက်ကြောင့် ထောင်ကျနေသူတစ်ယောက်ပါ။ တစ်ရက်တော့ ထောင်ထဲမှာ TV ကြည့်နေတုန်း, လူတစ်ယောက်သတ်ခံလိုက်ရတဲ့ သတင်းကို ကြားလိုက်မိပါတော့တယ်။ သူဟာ ထိုလူသတ်မှုအကြောင်းကို သိပြီး, ထိုအမှုကို စုံစမ်းနေတဲ့ စုံထောက် လု ကို သူ ကူညီပေးမယ်လို ဆိုလိုက်ပါတယ်။ ဘယ်လိုလျိုဝှက်ချက်တွေ ပေါ်ပေါက်လာမလဲ ဆိုတာ ဆက်လက်စောင့်ကြည့်ပါ။ အက်ရှင်သိုင်းကားကြိုက်နှစ်သက်တဲ့သူတွေ အကြိုက်တွေ့မယ့် ဇာတ်ကားလေးဖြစ်ပြီး, အထူးသဖြင့် ဖိုက်တင်ခန်းတွေက ပိုပြီး ရန်ခုန်စိတ်လှုပ်ရှားဖွယ် ပေးစွမ်းနိုင်မှာပါ။ တချို့ အခန်းတွေတော့ အနည်းငယ်ရက်စက်တယ်လို ထင်ရပြီး, အခန်းအများစုကတော့ ကြည့်လိုအဆင်ပြေမှာပါ။
ချန်နယ်လင့်
ဇာတ်ကားလင့်
