နတ်ဆိုးအေးဂျင့် (၂၀၂၆) လူနဲ့ မိစ္ဆာတွေ ရောနှောနေထိုင်တဲ့… — Hana : The Sweet Orophile — TG.ME

နတ်ဆိုးအေးဂျင့် (၂၀၂၆)

လူနဲ့ မိစ္ဆာတွေ ရောနှောနေထိုင်တဲ့ လှပဆန်းကြယ်တဲ့ ချန်အန်း စက်ရုပ်မြို့တော်ကြီးမှာ ဇာတ်လမ်းကို စတင်ထားပါတယ်။ ဇာတ်လိုက်ဖြစ်သူဟာ ချန်အန်းမြို့ရဲ့ နံပါတ်တစ်စုံထောက်ဖြစ်လာဖို့ အိပ်မက်မက်နေတဲ့ အလွန်ထက်မြက်ပေမဲ့ အပြောအဆိုကြမ်းတမ်းတဲ့ လူငယ်ပါရမီရှင်လေးပါ။ တစ်ဖက်မှာလည်း အေစာ လို့ခေါ်တဲ့ ဝံပုလွေမိစ္ဆာလေးဟာ သိုင်းပညာအရမ်းတော်ပေမဲ့ စိတ်ထားဖြူစင်လွန်းတဲ့ ရဲမင်းကြီးအဖွဲ့က အလုပ်သင်လေးပါ။ လုံးဝဆန့်ကျင်ဘက်ဖြစ်နေတဲ့ လူနဲ့ မိစ္ဆာ သူတို့နှစ်ယောက်ဟာ ချန်အန်းမြို့ကြီးကို တုန်လှုပ်သွားစေတဲ့ ထူးဆန်းတဲ့ လူသတ်မှုကြီးတစ်ခုကို အတူတူဖြေရှင်းဖို့ မထင်မှတ်ဘဲ အဖော်ဖြစ်လာကြပါတော့တယ်။ ပြစ်မှုကျူးလွန်သူကို ရှာဖွေရင်း သူတို့နှစ်ယောက်ရဲ့ ရန်ဖြစ်လိုက်၊ ဟာသတွေလုပ်လိုက်၊ အသက်လုပြေးလိုက်နဲ့ စုံထောက်ခရီးစဉ်ဟာ တကယ့်ကို ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောချင်စရာပါ။ ဒါပေမဲ့ တကယ့်ဇာတ်လမ်းက အဲဒီလောက်နဲ့ မပြီးသွားပါဘူး။ သဲလွန်စတွေကို လိုက်ရင်းနဲ့ ဒီလူသတ်မှုတွေရဲ့ နောက်ကွယ်မှာ ဒဏ္ဍာရီလာ ငှက်ကြီးတွေရဲ့ သွေးစွန်းနေတဲ့ အတိတ်တွေ ပါဝင်ပတ်သက်နေတာကို တွေ့လိုက်ရပါတယ်။ ပိုဆိုးတာက သူတို့နေထိုင်ရာ ချန်အန်းမြို့ကြီးရဲ့ လှပတဲ့ စက်ယန္တရားတွေ လည်ပတ်နေဖို့အတွက် တကယ့်နောက်ကွယ်မှာ ဘယ်လိုရက်စက်တဲ့ အမှောင်လျှို့ဝှက်ချက်တွေ ဖုံးကွယ်ထားသလဲဆိုတာကို သူတို့နှစ်ယောက် ဖော်ထုတ်လိုက်ရတဲ့အခါမှာတော့။ ဒီဇာတ်ကားကြီးဟာ သာမန်စုံထောက်ကားတွေလို အမှုတစ်ခုကိုပဲ ဖော်ထုတ်တာမျိုးမဟုတ်ဘဲ မြို့တော်ကြီးရဲ့ လျှို့ဝှက်ချက်ကိုပါ သိလိုက်ရချိန်မှာ ဖြစ်ပေါ်လာမယ့် ဇာတ်လမ်း အလှည့်အပြောင်းတွေ၊ လူနဲ့မိစ္ဆာကြားက ခင်မင်မှုတွေနဲ့ အက်ရှင်ခန်းတွေကိုပါ ရသစုံလင်စွာ ခံစားရမှာဖြစ်လို့ Animation ချစ်သူတိုင်း မဖြစ်မနေ ကြည့်ရှုသင့်တဲ့ ကားကြီးဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်နော်။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့်
➡️  t.me/+l6iAujfRr3YwOTQ9

ဇာတ်ကားလင့်
➡️ t.me/c/3723652775/558
October 4, 2026 212 1